• Follow Us on
Latest News

Home ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၃၄ ဦးဒဏ်ရာရ၊ အစ္စရေးကို လက်နက်ရောင်းချ မှု အရှိန်လျှော့ဖို့ အမေရိကန်စဉ်းစားနေ

ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၃၄ ဦးဒဏ်ရာရ၊ အစ္စရေးကို လက်နက်ရောင်းချ မှု အရှိန်လျှော့ဖို့ အမေရိကန်စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉

 

ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ဘက်မှာ တပ်စခန်းချနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းတစ်စင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ အမေရိကန်အရာရှိတွေက တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၈ ရက်နေ့) ကပြောပါတယ်။

 

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေကို ဂျိုးဘိုင်ဒန်က အပြစ်တင် ပြောကြားခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွာဖို့ အမေရိကန်ရဲ့ကာလရှည် တောင်းဆိုမှုကို ဂရုစိုက်လာဖို့အတွက် ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုအစိုးရကို ဖျောင်းဖျနိုင်ဖို့အတွက် အစ္စရေးကို လက်နက်ရောင်းချရေးနည်းလမ်းကို ဘိုင်ဒန်အစိုးရက ဆွေးနွေးနေကြောင်း အမေရိကန်အရာရှိတွေ က ပြောပါတယ်။

 

ဘိုင်ဒန်အစိုးရဟာ အစ္စရေးကို လက်နက်ရောင်းချရာမှာ အရှိန်လျှော့ဆောင်ရွက်ဖို့ ဆွေးနွေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူးဝီလျံဘန်းစ်ဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ကာ တာဝန်ကြီးချုပ်နဲ့ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ရဲ့ ညွှန်ကြားရေးမှူးနဲ့ သွာေးရာက်တွေ့ဆုံမှာဖြစ်ပါ တယ်။

 

ဆွေးနွေးမယ့်အထဲမှာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နောက်ထပ်ဓားစာခံတွေ ထပ်မံစေလွှတ်ရေးကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

ကုလမဂ္ဂကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောင်ရေးအဖွဲ့ (UNRWA) ကခန့်ထားတဲ့ ဝန်ထမ်း ၁၂ ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးဟာ အဲဒီသတင်းဆိုးကို ဖြေရှင်းနေရပါတယ်။

 

အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံတချို့ဟာ အဲဒီ UNRWA အဖွဲ့အတွက် ရန်ပုံငွေထောက်ပံ့နေ တာတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူ ၂ သန်းဟာ နေ့စဉ်အသက်ရှင်ရပ်တည်ဖို့အတွက် UNRWA အဖွဲ့ဲရဲ့ အထောက်အပံ့တွေအပေါ် မှီခိုအားထားနေရတာဖြစ်ပြီး နိုင်ငံတချို့က အခုလိုအထောက်အပံ့ရပ်ဆိုင်း လိုက်တဲ့အတွက် ဖေဖော်ဝါရီလမတိုင်ခင်အထိ အကူအညီတွေလျော့ကျသွားမှာဖြစ်ပါတယ်။

 

စစ်ပွဲစတင်ကတည်းက ဒီကနေ့အချိန်အထိ ပါလက်စတိုင်းပြည်သူ ၂၆၄၀၀ ကျော်သေဆုံးသွားပြီဖြစ်သလို ၆၄၄၀၀ ကျော် ဒဏ်ရာရရှိထားပြီး လူအများအပြား ပျောက်ဆုံးနေတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး ဌာနက ပြောပါတယ်။

 

အစ္စရေးဘက်ကတော့ စစ်ပွဲစတင်ဖြစ်ပွားချိန်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ၂၄၀ အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်မှတော့ အစ္စရေးတပ်ဖွဲ့ဝင် ၂၂၀ ထက်မနည်း ကျဆုံးကြောင်း အစ္စရေးစစ်ဘက်အရာရှိတွေက ပြောပါတယ်။

 

Ref: 3 U.S. troops killed; Biden considers slowing weapons deliveries

 

#PeopleMedia


Share this post