• Follow Us on

Home ဒရုန်းထုတ်လုပ်မှု 3D printing နည်းပညာစမ်းသပ်လေ့လာရေး ထိုင်ဝမ်နဲ့ အမေရိကန်ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မည်

ဒရုန်းထုတ်လုပ်မှု 3D printing နည်းပညာစမ်းသပ်လေ့လာရေး ထိုင်ဝမ်နဲ့ အမေရိကန်ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၃၁

 

မောင်းသူမဲ့လေယာဉ်တွေ အလျင်အမြန်ထုတ်လုပ်ရာမှာ 3D printing (သုံးဖက်မြင် ဒစ်ဂျစ်တယ်ဒီဇိုင်း) နည်း ပညာစမ်းသပ်လေ့လာဖို့အတွက် ထိုင်ဝမ်အစိုးရဟာ အမေရိကန်လေကြောင်းကုမ္ပဏီ RapidFlight နဲ့ ပူးပေါင်း လိုက်ပါတယ်။

 

တရုတ်နိုင်ငံရဲ့ မြင့်မားလာတဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာမှာ ခေတ်အမီဆုံး နည်းပညာတွေနဲ့ နည်းလမ်းတွေကို အကျိုးရှိရှိအသုံးချနိုင်တဲ့ ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခု တည်ထောင်ဖို့အတွက် အခုလို ပူးပေါင်းဆောင်ရွက် လိုက်တာဖြစ်ပါတယ်။

 

ဗာဂျိးနီးယားအခြေစိုက် RapidFlight ကုမ္ပဏီဟာ ထိုင်ဝမ်နိုင်ငံက Thunder Tiger Group နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။

 

တရုတ်က ကျူးကျော်တိုက်ခိုက်လာတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ရန်ကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် ထိုင်ဝမ်နဲ့ အမေရိကန်ဟာ ကုန်ကျစရိတ်သက်သာတဲ့ဒရုန်းတွေ အများအပြားလိုအပ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

 

ထိုင်ဝမ်နိုင်ငံအနေနဲ့ ဒရုန်းအစင်းရေ ၃၂၀၀ ဝန်းကျင်ရရှိဖို့အတွက် ငါးနှစ်အတွင်း ဒေါ်လာ ၁၇၅ သန်း သုံးစွဲ သွားဖို့လိုအပ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးခင်ကပဲ ပြောပါတယ်။

 

ဒါ့အပြင် ထိုင်ဝမ်နိုင်ငံအနေနဲ့ ယူကရိန်းလို ဒရုန်းတပ်ရင်းတစ်ခု ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားကြောင်းလည်း ထိုင် ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီရည်မှန်းချက် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ှုအတွက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ခေတ်မီထုတ်လုပ်ရေးမဟာဗျူဟာတွေကို အလျင်အမြန် တိုးချဲ့သုံးစွဲနိုင်ဖို့ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါ တယ်။

 

ကုမ္ပဏီနှစ်ခုဟာ မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးပူးပေါင်းလိုက်ပြီဖြစ်တဲ့အတွက် ထိုင်ဝမ်နိုင်ငံရဲ့ ဒရုန်း စွမ်းရည်တွေ မြှင့်တင်ရာမှာ လေယာဉ်ထုတ်လုပ်ရေးအပလီကေးရှင်းတွေအတွက် ဖြည်စွက်ပစ္စည်းထုတ်လုပ် ရေးတိုးချဲ့မှုစွမ်းရည်ကို အကျိုးရှိရှိ အသုံးချသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

Ref: Taiwan to Explore 3D Printing of Drones

 

#PeopleMedia


Share this post