ဒရုန်းအုပ်စုလိုက်ကို အလိုအလျောက်ထိန်းချုပ်နိုင်တဲ့နည်းပညာ Babcock ကုမ္ပဏီက ထုတ်ဖော်ပြသ
PUBLISHED - December 9, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉
စစ်မြေပြင်မှာ ဒရုန်းတစ်စင်းချင်းကိုဖြစ်စေ ဒရုန်းအစုလိုက်ကိုဖြစ်စေ ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဗြိတိန်နိုင်ငံ က Babcock International ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။
SwarmCore လို အမည်ပေးထားတဲ့ ဆော့ဖ်ဝဲလ်ဟာ ဒရုန်းအစုလိုက်အပြုံလိုက်ကို ထိန်းချုပ်ဖို့အတွက် ကွန် ရက်ပေါင်းများစွာနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ ခေတ်မီဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပါတယ်။
အဲဒီ ဆော့ဖ်ဝဲလ်နည်းပညာကို အလိုအလျောက်ဖြစ်စေ တပ်ဖွဲ့ဝင်တစ်ဦးဦးက ထိန်းချုပ်တဲ့စနစ်နဲ့ဖြစ်စေ စစ်မြေ ပြင်နဲ့ အလှမ်းကွာဝေးပြီး ဘေးကင်းလုံခြုံတဲ့နေရာကနေ အသုံးပြုနိုင်ပါတယ်။
နည်းပညာသစ်ကို အသုံးပြုထားတဲ့အတွက် အဲဒီဒရုန်းအုပ်စုထဲမှာပါတဲ့ ဒရုန်းတစ်စင်းတိုက်ခိုက်ဖျက်ဆီးခံလိုက် ရတယ်ဆိုရင်တောင် တခြားကျန်တဲ့ဒရုန်းတွေဟာ ကြိုတင်ပရိုဂရမ်ရေးသွင်းထားတဲ့စစ်ဆင်ရေးတွေကို ဆက် လက်ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီဒရုန်းအုပ်စုထဲမှာပါတဲ့ ဒရုန်းတစ်စင်းပျက်စီးသွားတာဟာ ဒီထိန်းချုပ်မှုစနစ်တစ်ခုလုံးကို ထိခိုက်မှာမဟုတ် ကြောင်း Babcock International ကုမ္ပဏီက ပြောပါတယ်။
ဒီနည်းပညာကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ BattleLab ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က စမ်းသပ်သရုပ်ပြခဲ့ ပါတယ်။
မောင်းသူမဲ့လေယာဉ်တွေနဲ့ ထိန်းချုပ်ရေးစခန်းတွေဆီ သတင်းအချက်အခက်တွေ အပြန်အလှန်ပို့ဆောင်ရာ မှာ ပိုမိုဘေးကင်းလုံခြုံစေရေး အထူးကုတ်ထည့်သွင်းဖို့အတွက် မကြာသေးခင်ကပဲ SwarmCore ဆော့ဖ်ဝဲလ်ကို Arqit ဆော့ဖ်ဝဲကုမ္ပဏီက ထုတ်လုပ်တဲ့ နည်းပညာနဲ့ ပေါင်းစပ်လိုက်တယ်လို့ဆိုပါတယ်။
Arqit ဆော့ဖ်ဝဲကုမ္ပဏီရဲ့ platform ဟာ SwarmCore ဆော့ဖ်ဝဲလ်မှာ သတင်းအချက်အလက်တွေအပြန်အ လှန်ပို့ဆောင်ဆက်သွယ်ရာမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် အထူးကုတ်ထည့်သွင်းပေး ထားတာဖြစ်ပါတယ်။
ဒီနည်းပညာသစ်ဟာ လုံခြုံရေးကိုသာ မြှင့်တင်ပေးမှာမဟုတ်ဘဲ SwarmCore ဆော့ဖ်ဝဲလ်ရဲ့ လုပ်ငန်းစွမ်းနိုင်မှု ပေါ့ပါးသွက်လက်မှုကိုလည်း မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း Arqit ဆော့ဖ်ဝဲကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဒေးဗစ်ဝီလျံက ပြောပါတယ်။
အလွန်ခေတ်မီတဲ့ ဆိုက်ဘာခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ခေတ်မီဆော့ဖ်ဝဲလ်စနစ်တွေ ပေါင်းစပ်ဖွဲ့ စည်းတပ်ဆင်တာဟာ ခေတ်သစ်ကာကွယ်ရေးနယ်ပယ်က နည်းပညာအပြောင်းအလဲတစ်ခုဖြစ်ကြောင်း Babcock International ကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် ဘရက်ဒ်ယဲလန်ဒ်က ပြောပါတယ်။
Ref: Babcock Unveils Tech to Autonomously Control Swarm of Drones
#PeopleMedia