• Follow Us on
Latest News

Home ဒလတံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အ တွင်း တံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေး အန္တရာယ်ကင်းရှင်းစွာဖြတ်သန်း သွားလာနိုင်ရေးအတွက် ရေကြောင်းသတိပေးချက်ထုတ်ပြန်

ဒလတံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အ တွင်း တံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေး အန္တရာယ်ကင်းရှင်းစွာဖြတ်သန်း သွားလာနိုင်ရေးအတွက် ရေကြောင်းသတိပေးချက်ထုတ်ပြန်

Share this post

 

နေပြည်တော်၊ မတ် ၁၇

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆ င်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်၊ ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေး အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရေကြောင်းသတိပေးချက် (Notice to Mariners)ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင် ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒလဘက် အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန် ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်း ကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိေ တာ့မည်ဖြစ်သည်။

 

သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေ စဉ်အ တွင်း တံတားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထ ရက်ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀.၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ရှိ ချက်များအရ ၄၃.၁၃ မီတာရှိသောကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ပြီး တံတား အောက်မှခုတ်မောင်း ဖြ တ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်ပြီး လိုအပ်ပါက Round Turn Anchorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိေ စာင့်ဆိုင်းဖြတ်သ န်းခြင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တံတားတိုင်ခြေများ၏ မြစ်ညာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflector တပ်ဆင်ထားသော မီးအချက်ပြ Bucy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေး အန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန်အတွက် Coordinate များအတိုင်း ချထား ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Photo-Credit

#PeopleMedia


Share this post