• Follow Us on
Latest News

Home ဒလမြို့နယ်တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး နေအိမ် (၆) လုံး မျောပါသွားရာမှာ အမျိုးသမီး ၁ ဦး သေ ဆုံး

ဒလမြို့နယ်တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး နေအိမ် (၆) လုံး မျောပါသွားရာမှာ အမျိုးသမီး ၁ ဦး သေ ဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြို ပြီး နေအိမ် (၆)လုံး မျောပါသွားရာမှာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ အချိန်က ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး နေအိမ် (၆)လုံး မျောပါသွားကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်နှင့်အတူ မ (၂) ဦးမျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူ ရရှိခဲ့ပြီး မ (၁) ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ဒလဆေးရုံသို့ ပို့ဆောင်စဉ်(သေဆုံး)ခဲ့ပြီး၊ မ(၁)ဦး ထိခိုက်ဒဏ် ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ  နေအိမ်(၈၀)လုံးခန့်မှ အိမ် ထောင်စုဝင်များအား ရေဘေးလွတ်ရာ တာကြီးရပ်ကွက်ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

ည ၁၀ နာရီ ၂၀ အချိန်တွင် စုစုပေါင်း အိမ်ထောင်စု (၉၄)စုမှ အိမ်ထောင်စု (၆၈)စုရှိ ကျား (၁၃၈)ဦး၊ မ (၁၅၉) ဦး စုစုပေါင်း (၂၉၇) ဦးတို့အား ရေဘေးလွတ်ရာ တာကြီးရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post