ဒလၿမိဳ႕နယ္၌ ရန္ကုန္စံျပငါးေစ်းသစ္ ထပ္မံတည္ေဆာက္ရန္စီစဥ္ေနေၾကာင္း ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳး မင္းသိန္းေျပာဆုိ

PUBLISHED - May 18, 2020
ရန္ကုန္၊ ေမ – ၁၈
ရန္ကုန္တုိင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္၌ ရန္ကုန္စံျပငါးေစ်းသစ္ကုိ ထပ္မံတည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆုိလုိက္ပါတယ္။
ေမလ ၁၈ ရက္ေန႔၌ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္သည့္ ၿမိဳ႕နယ္စည္ပင္ကုိယ္ စားလွယ္မ်ားႏွင့္ တုိင္းဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံစဥ္ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက အထက္ပါအတုိင္း ေျပာဆုိလုိက္ တာလည္း ျဖစ္ပါတယ္။
“ဒီေန႔ အစည္းအေဝးမွာ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေျပာတာက ဒလမွ စံျပငါးေစ်းသစ္ ထပ္မံတည္ေဆာက္ဖုိ႔ ၿမိဳ႕ ေတာ္ဝန္နဲ႔ တုိင္ပင္ေဆာင္ရြက္ေနတဲ့အေျခအေနကုိ ေျပာသြားတယ္။ ဒလဆုိရင္ ဆိပ္ကမ္းနဲ႔လည္း နီးတယ္။ ဒီေနရာကုိ ေရြးထားတယ္ဆုိၿပီးေျပာသြားတယ္”လုိ႔ စည္ပင္ကုိယ္စားလွယ္တစ္ဦးက ေျပာပါတယ္။
လက္ရွိအခ်ိန္၌ ရန္ကုန္ၿမိဳ႕၌ ၾကည့္ျမင္တုိင္ငါးေစ်း၊ ေရႊပိေတာက္ငါးေစ်းစသည့္တုိ႔ကုိ ဖြင့္လွစ္ထားၿပီးျဖစ္ပါ တယ္။
Photo – တုိင္း၀န္ႀကီးခ်ဳပ္
(Unicode)
ဒလမြို့နယ်၌ ရန်ကုန်စံပြငါးဈေးသစ် ထပ်မံတည်ဆောက်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းပြောဆို
…………………………………………………
ရန်ကုန်၊ မေ – ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ရန်ကုန်စံပြငါးဈေးသစ်ကို ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။
မေလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့တော်စည်ပင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်စည်ပင်ကိုယ် စားလှယ်များနှင့် တိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောဆိုလိုက် တာလည်း ဖြစ်ပါတယ်။
“ဒီနေ့ အစည်းအဝေးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောတာက ဒလမှ စံပြငါးဈေးသစ် ထပ်မံတည်ဆောက်ဖို့ မြို့ တော်ဝန်နဲ့ တိုင်ပင်ဆောင်ရွက်နေတဲ့အခြေအနေကို ပြောသွားတယ်။ ဒလဆိုရင် ဆိပ်ကမ်းနဲ့လည်း နီးတယ်။ ဒီနေရာကို ရွေးထားတယ်ဆိုပြီးပြောသွားတယ်”လို့ စည်ပင်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်၌ ရန်ကုန်မြို့၌ ကြည့်မြင်တိုင်ငါးဈေး၊ ရွှေပိတောက်ငါးဈေးစသည့်တို့ကို ဖွင့်လှစ်ထားပြီးဖြစ်ပါ တယ်။
Photo – တိုင်းဝန်ကြီးချုပ်