• Follow Us on

Home ဒိန်းမတ်နိုင်ငံက အစ္စရေးထုတ် ATMOS ယာဉ်တင်အမြောက်တွေနဲ့ PULSE အတွဲလိုက်ဒုံးပစ်လောင်ချာ ပထမ အသုတ်ကို လက်ခံရရှိ

ဒိန်းမတ်နိုင်ငံက အစ္စရေးထုတ် ATMOS ယာဉ်တင်အမြောက်တွေနဲ့ PULSE အတွဲလိုက်ဒုံးပစ်လောင်ချာ ပထမ အသုတ်ကို လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၈

 

အစ္စရေးအခြေစိုက် Elbit Systems (အဲလ်ဘစ်တ်) ကုမ္ပဏီက ဒိန်းမတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ATMOS ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေနဲ့ PULSE အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်တွေရဲ့ ပထမအသုတ်ကို ဒိန်း မတ်နိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

ဒိန်းမတ်နိုင်ငံဟာ ပြင်သစ်ထုတ် Caesar ဟောက်ဝစ်ဇာအမြောက် ၁၉ လက်ကို ယူကရိန်းနိုင်ငံကို လှူဒါန်း လိုက်ပြီးနောက် မတ်လအတွင်းက အစ္စရေး Elbit Systems ကုမ္ပဏီထုတ် ATMOS ယာဉ်တင်ဟောက်ဝစ်ဇာ အမြောက်တွေကို မှာယူခဲ့တာဖြစ်ပါတယ်။

 

ဒိန်းမတ်အစိုးရဟာ ဒေါ်လာ ၁၁၉ သန်းတန်ကြေးရှိ ATMOS ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် တပ်ရင်းတစ် ရင်းစာနဲ့ ဒေါ်လာ ၁၃၃ သန်းတန်ကြေးရှိ ရော့ကက်နဲ့ ဒုံးကျည်တွေပါဝင်တဲ့ PULS အတွဲလိုက်ဒုံးပစ်လောင်ချာ တပ်ရင်းနှစ်ရင်းစာကို မှာယူခဲ့တာဖြစ်ပါတယ်။

 

ATMOS ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေကို နှစ်နှစ်အတွင်းထုတ်လုပ်သွားမှာဖြစ်သလို PULS အတွဲ လိုက်ဒုံးပစ်လောင်ချာတွေကို သုံးနှစ်အတွင်းထုတ်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ATMOS ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် ၁၉ လက်ကို ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် နောက်ဆုံးအပတ်မှာ တင်ပို့သွားမှာဖြစ်ပြီး PULS အတွဲ လိုက်ဒုံးပစ်လောင်ချာ ၈ စီးကို ၂၀၂၄ ခုနှစ် ပထမလေးလပတ်မှာ တင်ပို့ သွားမှာဖြစ်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး Janes မဂ္ဂဇင်းမှာ ရေး သားထားပါတယ်။

 

လက်နက်စနစ်အားလုံး အပြည့်အဝအသုံးချဖို့အတွက် ၂၀၂၅ ခုနှစ်မှာ အသုံးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါ တယ်။

 

၁၅၅ မမ ATMOS ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ဟာ စံကိုက်အမြောက်ကျည်နဲ့ဆိုရင် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာအဝေးမှာရှိတဲ့ ပစ် မှတ်ကို ပစ်ခတ်နိုင်ပြီး ရော့ကက်အထောက်အကူပြု ကျည်ထိပ်ဖူးနဲ့ဆိုရင် အကွာ အဝေးပိုမိုပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

 

PULS အတွဲလိုက်ဒုံးပစ်လောင်ချာကတော့ သမရိုးကျဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည် နှစ်မျိုးပစ်ခတ်နိုင်ပြီး အကွာအ ဝေး ၁၂ ကီလိုမီတာကနေ ကီလိုမီတာ ၃၀၀ (၇.၄ မိုင်ကနေ ၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်ပါတယ်။

 

Ref: Denmark Receives Replacements for Caesar Howitzers Donated to Ukraine

 

#PeopleMedia


Share this post