• Follow Us on
Latest News

Home ဒိန်းမတ်နိုင်ငံမှာ ဗြိတိန်ဦးဆောင်ဖွင့်လှစ်တဲ့ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကို ယူကရိန်းလေသူရဲတွေ စတင်တက်ရောက်

ဒိန်းမတ်နိုင်ငံမှာ ဗြိတိန်ဦးဆောင်ဖွင့်လှစ်တဲ့ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကို ယူကရိန်းလေသူရဲတွေ စတင်တက်ရောက်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇

 

F-16 ဂျက်တိုက်လေယာဉ်တွေကို ကိုင်တွယ်မောင်းနှင်နိုင်ဖို့အတွက် ယူကရိန်းလေတပ် တပ်ဖွဲ့ဝင်တွေကို ဗြိတိန်တော်ဝင်လေတပ်က ဒိန်းမတ်နိုင်ငံမှာ စတင်လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါတယ်။

 

ဗြိတိန်တော်ဝင်လေတပ်က တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံထဲမှာ ယူကရိန်း လေသူရဲတွေကို စတင်လေ့ကျင့်သင်ကြားပေးတဲ့အစီအစဉ်အပြီးမှာ အခုကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ် ပါတယ်။

 

အခု ကိုပင်ဟေဂင်မှာ လေ့ကျင့်သင်ကြားပေးမယ့်သင်တန်းကို ဗြိတိန်တော်ဝင်လေတပ်ရဲ့အစီအစဉ်အရဖွင့် လှစ်ပေးခဲ့တဲ့ လေကြောင်းဆိုင်ရာအင်္ဂလိပ်စာအထူးသင်တန်းကို တက်ရောက်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ယူကရိန်း လေသူရဲ ၆ ဦး တက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။

 

လေကြောင်းဆိုင်ရာအင်္ဂလိပ်စာသင်တန်းတက်ရောက်ခဲ့တဲ့ နောက်ထပ် တပ်ဖွဲ့ဝင် ၁၀ ဦးကတော့ လေကြောင်း ဆိုင်ရာအခြေခံအတတ်ပညာနဲ့ လေကြောင်းဆေးဝါးပညာတွေ ဆက်လက်သင်ယူဖို့အတွက် ဗြိတိန်နိုင်ငံထဲမှာပဲ ကျန်ရစ်ခဲ့ပါတယ်။

 

အခုသင်ကြားပို့ချနေတဲ့ F-16 ဂျက်တိုက်လေယာဉ်သင်တန်းဟာ နေတိုးအဖွဲ့ရဲ့စံကိုက်နည်းလမ်းတွေနဲ့ ပိုမိုနီး ကပ်လာပြီး တခြားမဟာမိတ်နိုင်ငံတွေက လေကြောင်းဆိုင်ရာသင်တန်းတွေကို တက်ရောက်ရာမှာ ယူကရိန်း လေသူရဲတွေကို အထောက်အပံ့ဖြစ်စေမယ့် အတွေ့အကြုံတွေကို ရရှိသွားမှာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

 

“ဗြိတိန်နိုင်ငံဟာ ယူကရိန်းကို ပူတင်ကျူးကျော်တိုက်ခိုက်တဲ့အချိန်ကစပြီး ဒုံးကျည်တွေ၊ ခဲယမ်းတွေ၊ ရေဒါတွေ နဲ့ လက်နက်စနစ်တွေအများအပြားထောက်ပံ့ခဲ့သလို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတည်ဆောက်မှုမှာ လည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က ပြောပါတယ်။

 

“အနာဂတ်မှာ ယူကရိန်းနိုင်ငံမှာ ခေတ်မီလေတပ်တစ်ရပ်ပိုင်ဆိုင်လာဖို့အတွက် စတုတ္ထမြောက်မျိုးဆက် F-16 ဂျက်တိုက်လေယာဉ်တွေကို ကိုင်တွယ်မောင်းနှင်နိုင်ဖို့ လက်ရှိအချိန်မှာ ကျွန်တော်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကမ္ဘာ့ထိပ်တန်းတော်ဝင်လေတပ်ထံကနေ လေ့ကျင့်သင်ကြားမှုတွေနဲ့ ပေါင်းစပ်ပြီး သင်ယူနေတဲ့ ဒီသင်တန်း ဟာ ယူကရိန်းနိုင်ငံရဲ့ လက်ရှိ ဆိုဗီယက်ခေတ် စွမ်းရည်တွေကနေ ရှေ့ကိုလှမ်းတက်ဖို့ အရေးကြီးတဲ့ အဆင့် တစ်ရပ်ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဗြိတိန်တော်ဝင်လေတပ်က သင်ကြားပေးနေတဲ့ F-16 ဂျက်တိုက်လေယာဉ်သင်တန်းပြီးဆုံးသွားတာနဲ့ ယူကရိန်း လေသူရဲတွေဟာ နောက်ထပ်ဥရောပနိုင်ငံတစ်ခုကနေ အဆင့်မြင့်လေယာဉ်မောင်းသင်တန်းတစ်ခုကို ထပ်မံ တက်ရောက်ရဦးမှာဖြစ်ပါတယ်။

 

ဗြိတိန်အစိုးရဟာ ယူကရိန်းလေတပ် တပ်ဖွဲ့ဝင်တွေကို F-16 ဂျက်တိုက်လေယာဉ်သင်တန်းနဲ့အတူ အင်္ဂလိပ်စာ သင်တန်းတွေပါသင်ကြားပေးနေရာ လေသူရဲတွေရော ပညာသည်အုပ်စုစက်မှုစစ်သည်တွေပါ လာမယ့် ၂၀၂၄ ခုနှစ်တစ်လျှောက်လုံး ဆက်လက်သင်ယူရဦးမယ်လို့ ခန့်မှန်းထားပါတယ်။

 

“F-16 ဂျက်တိုက်လေယာဉ်တွေ ကို်င်တွယ်မောင်းနှင်နိုင်ဖို့အတွက် ကူညီရာမှာ ဗြိတိန်နိုင်ငံနဲ့ တခြားမိတ်ဖက်နိုင် ငံတွေကထောက်ပံ့ပေးနေတဲ့လေသူရဲသင်တန်းတွေကို ကျွန်တော်တို့ ယူကရိန်းနိုင်ငံအနေနဲ့ အထူးတန်ဖိုးထား ပါတယ်။” လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်စတန်းအူမာရပ်ဗ်က ပြောပါတယ်။

 

“ရုရှားကျုူးကျော်စစ်ကို ခုခံတိုက်ခိုက်ရာမှာ ယူကရိန်းလေသူရဲတွေ လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေကို ဖြည့် ဆည်းပေးဖို့အတွက် ဒီအစီအစဉ်ဟာ လျင်မြန်ပြီး ထိရောက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

Ref: Ukrainian Pilots Start British-Led F-16 Training in Denmark

 

#PeopleMedia


Share this post