• Follow Us on
Latest News

Home ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြားရှိ ရထားလမ်းအားအကြမ်းဖက်များက မိုင်းထောင်ဖောက်ခွဲ

ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြားရှိ ရထားလမ်းအားအကြမ်းဖက်များက မိုင်းထောင်ဖောက်ခွဲ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

ရန်ကုန် – မန္တလေးရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ်(၁၁၆/A) အနီးတွင် ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်များက ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

မိုင်းထောင်ပေါက်ကွဲမှုကြောင့် တံတားအစွန် ကွန်ကရစ်ခုံ ၃ ပေ ပတ်လည်ခန့်ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ် သံလမ်းနှစ်ခုကြား ပလပ်စတစ်ကော်ပုံးနှင့်ထည့်ထားသည့် လက်လုပ်မိုင်း (၃)လုံးနှင့် တံတားအောက်တွင် လက်လုပ်မိုင်း (၄) လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြု လုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့် တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများ ကလည်း ပျက်စီးသွားသော ရထား လမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှုမရှိသော အစုန်လမ်းမှ ဆက်လက်စေလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ တွေ့ရှိခြင်း (၁၂၈) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post