• Follow Us on

Home ဒိုက်ဦးမြို့တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး သေနတ်ပစ်ခံရ၍ တစ်ဦး သေဆုံး

ဒိုက်ဦးမြို့တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး သေနတ်ပစ်ခံရ၍ တစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုင်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်ရှိ “ဟိန်းကျော်” လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး သေနတ်ပစ်ခံရ၍ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဖအောင်ဝဲရပ်ကွက်ရှိ “ဟိန်းကျော်” လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်သောက်နေစဉ် PDF များရောက်ရှိလာပြီး ထိုအမျိုးသားနှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် ဒဏ်ရာရရှိသည့် ဖအောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး အသက်(၆၈) နှစ်အရွယ် ဦးခင်ဝင်းမှာ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာမှာ (စိုးရိမ်ရ) နှင့် သေဆုံးသည့် ရာအိမ်မှူး အသက်(၆၀) ဦးခင်မောင်အေးမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post