• Follow Us on

Home ဒိုက်ဦးမြို့တွင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် PDF နှစ်ဦး အသေရ

ဒိုက်ဦးမြို့တွင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် PDF နှစ်ဦး အသေရ

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကုန်သည်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် PDF နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။

 

ဇွန်လ ၂၄ ရက် နံနက်ပိုင်းက အမှတ်(၂)၊ ကုန်သည်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်အား  လုပ်ကြံသတ် ဖြတ်ခဲ့သော အကြမ်းဖက် PDF နှစ်ဦးသည် ဒိုက်ဦးမြို့ သံတံတားရပ်ကွက် သခင်ဖိုးလှကြီးလမ်း အမှတ်(၁၁၆) တွင် ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

 

ယင်းသို့စစ်ဆေးနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပြန်လည်ခုခံပစ်ခတ်ပြီး နေအိမ်ခေါင်မိုးပေါ်မှ PDF အဖွဲ့ဝင် နှစ်ဦး စလုံး ခုန်ချထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ နှစ်ဦးစလုံး သေနတ်ထိမှန်ပြီး အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် သေဆုံးသည့် PDF နှစ်ဦးအား ရှာဖွေခဲ့ရာတွင် ၎င်းတို့လွယ်ထားသည့် အနက်ရောင် သားရည် အိတ်ငယ်အတွင်းမှ ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ် (၂)ခု၊ USA 380 AUTO ပစ္စတိုကျည် အမျိုးအစား (၂၉) တောင့်၊ လက်ပစ်ဗုံး (၂)လုံးနှင့် အနက်ရောင် အိတ်ငယ်အတွင်းမှ MA-5 MK-II အမျိုးအစား၊ ပစ္စတို (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ၉ မမကျည် (၅၆)တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

 

#PeopleMedia


Share this post