• Follow Us on
Latest News

Home ဒိုက်ဦးမြို့တွင် (၄) ရက်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်ကို ရေအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိ

ဒိုက်ဦးမြို့တွင် (၄) ရက်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်ကို ရေအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ ရှမ်းစုကျေးရွာ၊ အနောက်ပိုင်းတွင်နေထိုင်သည့် ကလေး ငယ်တစ်ဦးကို ရေအိုင်ထဲတွင် သေဆုံးနေသည့် ရုပ်အလောင်းကို (၄) ရက်ကြာမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှမ်းစုကျေးရွာ၊ အနောက်ပိုင်းတွင် နေထိုင်သည့် မိခင် ဖြစ်သူ ဒေါ်နွယ်နွယ်စိုးမှာ ထမင်းစားရန်အတွက် နေအိမ်အပေါ်ထပ်သို့ ထမင်းခူးပြီးနောက် နေအိမ်ခြံဝန်းထဲတွင် ရှိနေသည့် ကလေးငယ်ဖြစ်သူကို ထမင်းစားရန်ခေါ်ရာတွင် ကလေးငယ်မှာ ထိုခြံဝန်းထဲတွင် ပျောက်ဆုံးသွား ကြောင်း သိရသည်။

 

ထိုပျောက်ဆုံးသွားကြောင်းကို ဖခင်ဖြစ်သူနှင့် မိသားစုဝင်များမှ လူမှုကွန်ယက်ပေါ်တွင် ကလေးပျောက်ဆုံး ကြောင်း လူမှုကွန်ယက်ပေါ်တွင် ရေးသားထားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ခင်းအချိန်တွင် ၎င်းတို့ နေထိုင်သည့် နေအိမ်အရှေ့တောင်ထောင့် ကားလမ်းမဘက်ရှိ ရေအိုင်ထဲတွင် သေဆုံးနေသည့် အသက် (၃) နှစ်အရွယ် ကလေးငယ်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post