• Follow Us on
Latest News

Home ဒိုက်ဦးမြို့ရှိ Mytel တာဝါတိုင်ကို PDF များမှ မိုင်းခွဲဖျက်စီး

ဒိုက်ဦးမြို့ရှိ Mytel တာဝါတိုင်ကို PDF များမှ မိုင်းခွဲဖျက်စီး

Share this post

နေပြည်တော်၊ သြဂုတ် ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဝါးဂါ မဏိကျေးရွာရှိ ရွာလယ်လမ်းတွင်ရှိသည့် Mytel တာဝါတိုင်ကို PDF များမှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁၄ ရက် နံနက် ၃:၃၀ အချိန်တွင် ဝါးဂါမဏိကျေးရွာရှိ ဦးဇော်ဝင်း၏နေအိမ်အတွင်းရှိသည့် Mytel တာဝါတိုင်ကို PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းခွဲဖျက်ဆီးခံရသည့် Mytel တာဝါတိုင်သို့ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ တာဝါတိုင်အောက် ခြေရှိ မီးစက် ၁ လုံး၊ ဘက္ထရီအိုး ၄ လုံးတို့ပျက်စီးခဲ့ပြီး၊ ကာလတန်ဖိုးငွေ သိန်း (၂၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post