ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ မြန်မာ့အသံရုပ်မြင်သံကြားမှ သတင်းသီးသန့် ရုပ်သံလိုင်း ထုတ်လွှင့်မည်
PUBLISHED - November 30, 2021
ရန်ကုန်၊ နိုဝင်ဘာ ၃၀ (People Media)
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ သတင်း သီးသန့် ရုပ်သံလိုင်း ထပ်မံထုတ်လွှင့်သွားမယ်လို့ အဆိုပါ ဝန်ကြီးဌာန၏ ဖော်ပြထားချက်အရသိရပါတယ်။
MRTV News Channel လိုင်းကို ဒီဇင်ဘာ ၁ ရက်နေ့တွင် နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ထုတ်လွှင့် မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ ပုံမှန်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ သီးသန့်ရုပ်သံလိုင်းတွင် ပြည်တွင်းရုပ်သံသတင်းများနှင့် နိုင်ငံတကာရုပ်သံသတင်းများကို အချိန်တိုင်း ထုတ်လွှင့်မည်ဖြစ်ပြီး ထိုအပြင် ကြားဖြတ်သတင်းများ ဖော်ပြခြင်းများ အဓိကထား ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရပါတယ်။
ယင်းရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုလိုပါက MRTV DVB T2 Set-Top Box DVB T2 ပါတီ TV များတွင် MRTV Channel 2 အဖြစ်လည်းကောင်း Sky Net နှင့် Cannel Plus ရုပ်သံလိုင်းများတွင်လည်း ဖမ်းယူကြည့်ရှုနိူင် ကြောင်း သိရပါတယ်။
#PeopleMedia #MRTVChannel #News
(unicode)
……………………………………………………
#PeopleMedia #MRTVChannel #News