• Follow Us on

Home ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသည့် တရုတ်နိုင်ငံ ၃၄၈ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသည့် တရုတ်နိုင်ငံ ၃၄၈ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

 

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၇ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ သား အမျိုးသား ၂၉၄ ဦး ၊ အမျိုးသမီး ၅၄ ဦး၊ စုစုပေါင်း ၃၄၈ ဦး ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်း ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၁၁ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၃၉၅ ဦး၊ အမျိုးသမီး ၁၂၉၂ ဦး၊ စုစုပေါင်း ၁၁၆၈၇ ဦး ဖော်ထုတ်ရရှိခဲ့၍ ဥပဒေနှင့်အညီ လိုအပ် သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post