• Follow Us on
Latest News

Home ဒီဇယ်စက်နှိုးသူကို မီးတုတ်ပြရင်းမီးလောင်မှုဖြစ်ပွားရာ လူငယ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဒီဇယ်စက်နှိုးသူကို မီးတုတ်ပြရင်းမီးလောင်မှုဖြစ်ပွားရာ လူငယ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ ဆူးပန်းအုပ်စု၊ မြင်းကျကန်ရွာတွင် ဒီဇယ်စက်နှိုးသည့် အမျိုးသားကို မီးတုတ်ပြရင်း မီးလောင်မှုဖြစ်ပွားရာ လူငယ်တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက မြင်းကျကန်ရွာတွင် ဒီဇယ်စက်နှိုး၍ စိုက်ခင်းထဲရေတင်ရာ မီးစက်နှိုးသူကို အမျိုး သားငယ်တစ်ဦးမှ မီးတုတ်ကိုင်ဆောင်၍ပြရင်း မီးလောင်မှုဖြစ်ပွားရာ ၎င်းတို့နှစ်ဦးကို မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသစဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မီးတုတ်ပြသည့်အမျိုးသားငယ်တစ်ဦးသေဆုံးပြီး၊ မီးစက်နှိုးသည့် အမျိုးသားလည်း မီးလောင်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

“တစ်ပတ်လောက်ရှိပြီ ဖြစ်တာ။ မီးတုတ်ပြတဲ့သူက ဆုံးသွားတယ်။ နှိုးတဲ့သူက မျက်နှာနဲ့ ရင်ဘက်တွေ မီး လောင်ဒဏ်ရာတွေနဲ့ လက်ရှိဆေးရုံမှာ ဆေးကုသနေတယ်” လို့ ဝမ်းတွင်းမြို့တွင် နေထိုင်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါသေဆုံးသူမှာ အသက်(၁၉) နှစ်အရွယ် သန်းဇော်ထွန်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူမှာ အသက်(၃၀) ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post