ဒီပဲယင်းမြို့နယ်၊ ကြည်ရွာကုန်းကျေးရွာနေ ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးကို မြင်းတန့်ကျေးကျေးရွာ နေ PDF အကြမ်းဖက်ခေါင်းဆောင် နေလင်းထွန်းခေါင်းဆောင်သည့် အကြမ်းဖက်သမားများမှ ရက်စက်စွာ သတ်ဖြတ်

PUBLISHED - February 21, 2022
ဒီပဲယင်း၊ ဖေဖော်ဝါရီ ၂၁ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဒိုင်နက်ကျေးရွာအုပ်စု၊ ကြည်ရွာ ကုန်းကျေးရွာနေ ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့က မြင်းတန့်ကျေးကျေးရွာနေ PDF အကြမ်းဖက်ခေါင်း ဆောင် နေလင်းထွန်းခေါင်းဆောင်သည့် အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည်။
ဖြစ်စဉ်မှာ ဒီပဲယင်းမြို့နယ်၊ ဒိုင်နက်ကျေးရွာအုပ်စု၊ ကြည်ရွာကုန်းကျေးရွာနေ ဦးတင်ငြိမ်းနှင့် သမီးဖြစ်သူ မဂျမ်း ပုံတို့ ၂ ဦး တို့သည် နေအိမ်တွင်ရှိနေစဉ် မြင်းတန့်ကျေး ကျေးရွာနေ အကြမ်းဖက် PDF အကြမ်းဖက် ခေါင်း ဆောင် နေလင်းထွန်းခေါင်းဆောင်သည့် အကြမ်းဖက်အဖွဲ့သည် နေအိမ်သို့ဝင်ရောက်၍ တူမီးသေနတ်ဖြင့် ရက်စက်စွာသတ်ဖြတ်သွားသည်။
ဦးတင်ငြိမ်းနှင့် မဂျမ်းပုံတို့ ၂ ဦး သတ်ဖြတ်ခံရသဖြင့် ခြံဝန်းအတွင်း အတူနေသည့် ဦးတင်ငြိမ်း၏ ဦးလေးတော် စပ်သူ ဦးဖိုးထောင်၊ ဦးတင်ငြိမ်း၏ သမီးဖြစ်သူ မခိုင်ခင်ဦးနှင့် မြေးတော်စပ်သူ ၁၁ နှစ်အရွယ် ယောင်္ကျားလေး တို့ ၃ ဦးသည် ကြည်ရွာကုန်းကျေးရွာမှ ခြေလျင်ထွက်ပြေးခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ ပင်စည်ကျေးရွာအရောက်၌ ပင်စည်ကျေးရွာ PDF အကြမ်းဖက်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၎င်းအကြမ်းဖက်အဖွဲ့မှတစ်ဆင့် နေလင်းထွန်း ဦးဆောင်သည့် PDF အဖွဲ့ထံလွှဲပြောင်းပေးခဲ့သဖြင့် ၎င်းတို့ ၃ ဦး အား ထပ်မံရက်စက်စွာသတ်ဖြတ်သွားကြောင်းသိရှိရသည်။
Photo – အကြမ်းဖက်ခေါင်းဆောင်၏ ကိုယ်ရေးအချက်အလက်
#PeopleMedia
(unicode)
…………………………………………………………..
#PeopleMedia