ဒီပဲယင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် မိသားစုဝင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး ရွှေထည်နှင့် ငွေ ကြေးများ ယူဆောင်ခြင်းခံခဲ့ရ

PUBLISHED - November 24, 2021
စစ်ကိုင်း၊ နိုဝင်ဘာ ၂၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာ၌ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက အမည်မသိလူတစ်စုမှ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် မိသားစုဝင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခဲ့ခံရကြောင်း သိရ ပါတယ်။
“အသတ်ခံရတာဟုတ်တယ်။ ကိုယ်ဝန်ဆောင်တဲ့ကောင်မလေးက ကိုးလလောက်ရှိပြီ။ မိသားစုဝင် ၆ ဦးရှိတာ ၁ ဦးလွတ်တယ်။ အစုအဖွဲ့လိုက် ရွာထဲကိုဝင်လာကြတာ။ ရွာကသေးပေမဲ့ ဒီရွာမှာဆိုရင် သူတို့က ပိုက်ဆံတော် တော်ရှိတယ်” လို့ ဒီပဲယင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါလုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် နေအိမ်ရှိ ငွေကြေး၊ ရွှေထည်ပစ္စည်းအပါအဝင် ငွေကြေး ၁၀၀ ဝန်း ကျင်ကိုလည်း အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယူဆောင်သွားကြောင်း သိရပါတယ်။
ထိုလုပ်ကြံသတ်ဖြတ်ခံရသည့် သာယာအေးကျေးရွာသည် ဒီပဲယင်းမြို့နှင့် ၁၀ မိုင်လောက်ဝေးပြီး လမ်းပန်း ဆတ်သွယ်ရေးကောင်းကြောင်းလည်း သိရပါတယ်။
Photo – CJ
#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီး #ဒီပဲယင်းမြို့
(unicode)
………………………………………………………..
Photo – CJ