ဒီပဲယင်းမြို့နယ်၌ လမ်းဘေးမိုင်းကွဲ၍ လေးနှစ်အရွယ် သမီးငယ်တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ထိခိုက် ဒဏ်ရာရရှိ

PUBLISHED - November 20, 2021
မုံရွာ၊ နိုဝင်ဘာ ၂၀ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၌ လမ်းဘေးမိုင်းပေါက်ကွဲပြီး လေးနှစ်အရွယ် သမီးငယ်တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့၌ နံနက်ပိုင်းက မိသားစုဝင် သုံးဦး လိုက်ပါလာသော ယာဉ်သည် ဒီပဲယင်း မြို့နယ်၊ ရွာသစ်ကျေးရွာအနီး၌ မိုင်းကွဲပြီး ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး မြို့နယ် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။
“မိသားစုဝင်တွေပါ။ မုံရွာကနေ ဒီပဲယင်းအပြန် ဒီပဲယင်းနယ်ဘက်မှ မိုင်းကွဲတာ။ သူတို့က ဒီဒေသက သူတွေပါ။ ပြင်းထန်ဒဏ်ရာတော့ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာပါ” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
ပြီးခဲ့သည့်ရက်ပိုင်းက ဒီပဲယင်းမြို့နယ်၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့် ဒေသတစ်ခုဖြစ်ပါတယ်။
Photo – CJ
#PeopleMedia #ဒီပဲယင်းမြို့
(unicode)
…………………………………………………….
Photo – CJ