ဒီပဲယင်းမြို့အခြေစိုက် GALON PDF အဖွဲ့ဝင်သုံးဦး လက်လုပ်မိုင်းပြုလုပ်စဉ် မိုင်းကွဲပြီး သေဆုံး

PUBLISHED - December 7, 2021
စစ်ကိုင်း၊ ဒီဇင်ဘာ ၇ (People Media)
ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အခြေစိုက် GALON PDF အဖွဲ့ဝင်သုံးဦးသည် လက်လုပ်မိုင်းပြုလုပ်စဉ် မိုင်းကွဲပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးအဖွဲ့များ၏ ယာဉ်တန်းများကို မိုင်းခွဲတိုက်ခိုက်ရန် မိုင်း ပြုလုပ်နေစဉ် မိုင်းကွဲပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် GALON PDF အဖွဲ့ဝင် အေးဇော်ဝင်း ကိုယ်ပိုင်အမှတ်-D00051၊ ဇော်ဇော်နိုင် ကိုယ်ပိုင်အမှတ် -D00114 နှင့် မျိုးမင်းထက် ကိုယ်ပိုင်အမှတ် -D00151 တို့ဖြစ်ပြီး၊ ၎င်းတို့မှာ အသက် (၂၀)ခန့်သာရှိကြောင်း အဆိုပါ PDF အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
#PeopleMedia #ဒီပဲယင်း
(unicode)
……………………………………………………