• Follow Us on
Latest News

Home ဒီပဲယင်းမြို့ကို စစ်သွေးကြွ KIA/PDF တွေ ဝင်ရောက် တိုက်ခိုက်နေ

ဒီပဲယင်းမြို့ကို စစ်သွေးကြွ KIA/PDF တွေ ဝင်ရောက် တိုက်ခိုက်နေ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ကို KIA/PDF စစ်သွေးကြွ အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

 

ဩဂုတ်လ (၁၅)ရက် ညနေပိုင်းမှ စတင်ကာ စစ်သွေးကြွ KIA/PDF အဖွဲ့ဝင်များသည် ဒီပဲယင်းမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

 

“မနေ့က ညနေတည်းက မြို့ကို တိုက်နေတာ။ လက်နက်ကြီးနဲ့လည်း ထုတယ်။ ဒရုန်းနဲ့လည်း ဗုံးသီးတွေ ချပြီး တိုက်နေတာ။ ညကလည်း တစ်ညလုံး မနားတမ်း ပစ်နေတာ။ မနက်ကဆို ဒရုန်း (၅)စီးနဲ့ နေရာအနှံ့ချနေတာ။ လာတိုက်တဲ့အထဲမှာ KIA တွေလည်းပါတယ်။ အင်အား အတော်များတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်သွေးကြွ KIA/PDF ပူးပေါင်းအဖွဲ့ဝင်များသည် ဒီပဲယင်းမြို့ကို ဝန်းရံတိုက်ခိုက်နေခြင်းဖြစ်ပြီး တဖြည်းဖြည်း မြို့မရပ်ကွက်အတွင်းသို့ စိမ့်ဝင်နေကြောင်း သိရသည်။

 

ဒီပဲယင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိအချိန်ထိ ဘာမှမစားသောက်ရသေးကြောင်းနှင့် စစ်ကူတောင်းထားသော်လည်း လက်ရှိအချိန်ထိ ရောက်မလာသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post