• Follow Us on

Home ဒီပဲယင်းမြို့ကို စစ်သွေးကြွတွေ တိုက်ခိုက်ပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီး၊ တပ်မတော်က စစ်သွေးကြွများကို လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းနေ

ဒီပဲယင်းမြို့ကို စစ်သွေးကြွတွေ တိုက်ခိုက်ပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီး၊ တပ်မတော်က စစ်သွေးကြွများကို လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းနေ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ကို စစ်သွေးကြွ KIA/PDF အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းနှင့် ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

ဩဂုတ်လ (၁၅)ရက် ညနေပိုင်းမှ စတင်ကာ စစ်သွေးကြွ KIA/PDF ပူးပေါင်းအဖွဲ့ဝင်များသည် ဒီပဲယင်းမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

 

ယင်းနောက် ယနေ့ ဩဂုတ်လ (၁၇)ရက် နံနက်ပိုင်းတွင် စစ်သွေးကြွ KIA/PDF ပူးပေါင်းအဖွဲ့ဝင်များသည် ဒီပဲယင်းမြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

အဆိုပါ ဒီပဲယင်းမြို့ကို တိုက်ခိုက်နေသည့် စစ်သွေးကြွ KIA/PDF ပူးပေါင်းအဖွဲ့ဝင်များကို ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းနေကြောင်း သိရသည်။

 

#PeopleMedia


Share this post