• Follow Us on

Home ဒီပဲယင်းမြို့တွင် ဆရာတော်တစ်ပါး ဆွမ်းခံထွက်စဉ် PDF က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိ၊ လမ်းခရီး အခက်အခဲကြောင့် မုံရွာဆေးရုံသို့ ပို့ဆောင်ရန် ခက်ခဲနေ

ဒီပဲယင်းမြို့တွင် ဆရာတော်တစ်ပါး ဆွမ်းခံထွက်စဉ် PDF က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိ၊ လမ်းခရီး အခက်အခဲကြောင့် မုံရွာဆေးရုံသို့ ပို့ဆောင်ရန် ခက်ခဲနေ

Share this post

နေပြည်တော်၊ မေ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်၊ ကုန်းသာဦးကျောင်းတိုက်မှ ဆရာတော်တစ်ပါး ဆွမ်းခံ ထွက်စဉ် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ မေလ (၉)ရက် နံနက် (၆)နာရီခန့်က ဒီပဲယင်းမြို့ ကုန်းသာဦးကျောင်းတိုက်မှ ဆရာတော်တစ်ပါး ဆွမ်းခံ ထွက်စဉ် ဒီပဲယင်းမြို့မရဲစခန်းနှင့် (၃)မီတာခန့်အကွာသို့ အရောက် PDF အဖွဲ့ဝင် (၁၅)ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်၏ ယာရင်ဘတ် ညှပ်ရိုးအနီး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ယာခြေသလုံး အတွင်း ကျည်ထိမှန် ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။

 

လက်ရှိအချိန်တွင် ဆရာတော်အား ဒီပဲယင်းမြို့ရှိ သူနာပြု တစ်ယောက်မှ ဆေးကုသမှု လုပ်ဆောင်ပေးနေပြီး ခြေသလုံးသို့ ထိမှန်သွားသည့် ကျည်အား ထုတ်ယူရန်ခက်ခဲနေကြောင်းနှင့် သွေးထွက်လွန်နေသောကြောင့် အမျိုးအစားတူသည့် သွေးကို သွင်းပေးနေကြောင်း သိရသည်။

 

ဒီပဲယင်းမြို့ကို PDF အဖွဲ့ဝင်များ ပိတ်ဆို့ထားသည်မှာ (၇)လခန့်ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆရာတော်ကို မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် လမ်းခရီးခက်ခဲနေကြောင်း သိရသည်။

 

#PeopleMedia


Share this post