ဒီပဲယင်းမြို့နယ်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ PDF မှ Drone ယာဉ်ဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - November 8, 2023
နေပြည်တော်၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ PDF မှ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က Drone ယာဉ်ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အင်းတန်းကျေးရွာဘက်မှနေ၍ Drone ယာဉ်ဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဝန်ထမ်းအိမ်ရာအတွင်း မြေ ကွက်လပ်သို့ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် မြေကွက်လပ်တွင် ဆော့ကစားနေကြသည့် မောင်ရဲဇင်ထွန်း ၆နှစ်၊ မမေသူဆန်းမြင့် ၆နှစ်၊ မယွန်းရတီမှုံ ၇နှစ်၊ မယွန်းမေသော် ၈နှစ်၊ မစုရတီလင်း ၈နှစ်၊ မောင်ကောင်းထက်မြတ် ၉နှစ်၊ မောင်မြင့် မြတ်အောင်သူ ၉နှစ်၊ မောင်တင်ထူးအောင် ၁၀နှစ်၊ မောင်သော်ဇင်ခန့် ၁၁နှစ်နှင့် မအိန္ဒြေဇင် ၁၂နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
#PeopleMedia