ဒီပဲယင်းမြို့နယ်၌ PDF အဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား၊ သေဆုံး/ဒဏ်ရာရသူများရှိ

PUBLISHED - June 4, 2024
နေပြည်တော်၊ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုခရိုင်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးသည် မေလ ၂၈ ရက် နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာရှိ ၎င်းတို့၏ မိဘများထံသို့လာရောက်စဉ် ကျေးရွာအဝင်၌ ဒီပဲယင်းမြို့ နယ်ရှိ ဒေသခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် စကားများရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရွှေဘိုခရိုင် အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးနှင့် မိသားစုဝင် ၄ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးကာ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူက ၎င်း၏ ခေါင်းဆောင်ဖြစ်သူအား သတင်းပို့တိုင်ကြားခဲ့ရာ ခေါင်းဆောင် ဖြစ်သူမှ တည်တောကျေးရွာသို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လာရောက်ရာမှ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံအကြမ်း ဖက်သမားများနှင့် ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမား ၃ ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။
#PeopleMedia