• Follow Us on

Home ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ကျေးရွာခံ PDF အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၂ က တစ်ရွာလုံးကို ပိတ်ဆို့ထားပြီး မီးရှို့မည်ဟု ခြိမ်းခြောက်နေ

ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ကျေးရွာခံ PDF အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၂ က တစ်ရွာလုံးကို ပိတ်ဆို့ထားပြီး မီးရှို့မည်ဟု ခြိမ်းခြောက်နေ

Share this post

နေပြည်တော်၊ မေ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် ကျေးရွာခံ PDF အဖွဲ့ နှစ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ရာမှ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၂ က ရောက်ရှိလာပြီး တစ်ရွာလုံးကို ပိတ်ဆို့ထားပြီး မီးရှို့မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

 

မေလ (၂၈)ရက် မနက် (၈)နာရီခန့်က တည်တောကျေးရွာတွင် ကင်းစောင့်ပြီး ပြန်လာသည့် ကျောင်းသားများ PDF အဖွဲ့ဝင် တစ်ဦးကို ရွှေဘိုမိုးကြိုးမုန်တိုင်း PDF အဖွဲ့ဝင်များဖြစ်သည့် ဦးလေးဆောင်တို့ သားအဖ (၄)ဦးက တားဆီးပြီး ဓားဖြင့် ခုတ်ကာ သေနတ် (၁)လက်နှင့် ဖုန်းကို လုယူသွားခဲ့သည်။

 

ယင်းသို့ ဓားဖြင့် ခုတ်ခံရသည့် ကျောင်းသားများ PDF အဖွဲ့ဝင် တစ်ဦးသည် အသက်မသေခဲ့ဘဲ ၎င်းဆီမှ သေနတ်နှင့် ဖုန်းလုသွားသည့် ဦးလေးဆောင် နေအိမ်သို့ ၎င်းအပါအဝင် PDF (၈)ဦး ရောက်လာကာ လုယူ သွားသည့် ပစ္စတို ၁ လက်နှင့် ဖုန်းကို ပြန်ပေးရန် တောင်းဆိုရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တွင်းက ဗုံးပေါက်ကွဲကာ နေအိမ်အတွင်းရှိ ဦးလေးဆောင်အပါအဝင် အမျိုသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းကြောင့် တည်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသား PDF အဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့်  မနက် (၁၀)နာရီခန့်တွင် ဒီပဲယင်းမြို့နယ်တွင် အခြေစိုက်သည့် ရွှေဘိုခရိုင် တပ်ရင်း (၁၂)မှ အင်အား ၂၀၀ ကျော်ဖြင့် ရောက်လာပြီး ပစ်ခတ်မှုဖြစ်ခဲ့သည့် ကျောင်းသား PDF အဖွဲ့ဝင် (၈) ဦးအပြင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးသွားသည်။

 

၎င်းနောက် ရွှေဘိုခရိုင် တပ်ရင်း (၁၂)က ကျောင်းသားများ PDF အဖွဲ့ဝင် (၈)ဦးကို ဖမ်းဆီး နှိပ်စက်နေခြင်း ကြောင့် ကျေးရွာရှိ အမျိုးသမီးများ (၆)ဦးမှ ဆန္ဒပြခဲ့သဖြင့် ယင်းအမျိုးသမီးများကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ကျောင်းသားများ PDF အဖွဲ့ဝင် ၂၈ ဦးသည် ပစ်ခတ်မှုမှာ မပါဝင်သည့်အတွက် တည်တောကျေးရွာ မှ ထွက်ပြေးနေကြောင်းနှင့် ထွက်ပြေးသွားခဲ့သည့် ကျောင်းသားများ PDF အဖွဲ့ဝင် (၂၈) ဦး၏ မိဘ၊ သားသမီး များနှင့် ဆွေမျိုးများအား ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ပြီး ညှိနှိုင်းရန် သွားရောက်သည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများကိုပါ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ရွှေဘိုခရိုင် တပ်ရင်း (၁၂) အနေဖြင့် မေလ (၂၈)ရက်မှ လက်ရှိအချိန်ထိ တည်တောကျေးရွာကို ဝန်းရံ ပိတ်ဆို့ထားကြောင်းနှင့် ရွာသားများကို ရွာပြင်မထွက်ခိုင်းဘဲ စကားနားမထောင်ပါက တစ်ရွာလုံးကို ပြာကျအောင် မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post