ဒီမိုကရေစီပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်အား ငြင်းပယ်ကြောင်း UEC ထုတ်ပြန်
PUBLISHED - May 8, 2024
နေပြည်တော်၊ မေ ၈
ဒီမိုကရေစီပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လို သော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာ သည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည် ထောင်ခွင့်ပြုခဲ့ပြီး ၁ ပါတီကို တည်ထောင်ခွင့် ငြင်းပယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် ၂ ဖွဲ့အနက် ဒီမိုကရေစီပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ယင်းပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထား ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့ကိုလည်း စိစစ်ဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia