ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်စံပြကျေးရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ တိုက်ပွဲပြင်းထန်နေ၊ လက်ရှိ၌ PDF အဖွဲ့ဝင် ၄ ဦး သေဆုံးသွားဟုဆို

PUBLISHED - November 25, 2021
လွိုင်ကော်၊ နိုဝင်ဘာ ၂၅ (People Media)
ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်စံပြကျေးရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံ ခြုံရေးအဖွဲ့များ တိုက်ပွဲပြင်းထန်နေ၊ လက်ရှိ၌ PDF အဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း ဒေသခံမီဒီယာများ၌ ဖော်ပြထားသည်။
“ဒီမနက် ၆ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်နေကြတယ်” လို့ ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
ဒီးမော့ဆိုမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်ဒေသဖြစ်သလို အဆိုပါနေရာ၌ မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ဒေသခံ PDF အဖွဲ့များသည် မိုင်းတဲငွေဖြည့်ကဒ်နှင့် မိုင်တဲဆင်းကဒ်များကို မီးရှို့ဖျက်ဆီးခဲ့သလို တပ်မတော်ထုတ်ကုန်များ ရောင်းဝယ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။
Photo – credit
#PeopleMedia #ဒီးမော့ဆိုမြို့နယ်
(unicode)
……………………………………………………………
Photo – credit