• Follow Us on

Home ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ ဗုံးထက် ၂၄ ဆ ပိုမိုအားကောင်းတဲ့ နျူးဗုံးကို ထုတ်လုပ် မယ်လို့ အမေရိကန်ကြေညာ

ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ ဗုံးထက် ၂၄ ဆ ပိုမိုအားကောင်းတဲ့ နျူးဗုံးကို ထုတ်လုပ် မယ်လို့ အမေရိကန်ကြေညာ

Share this post

EPN

နိုင်ငံတကာ၊ နိုဝင်ဘာ ၇

 

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံကို ကြဲချခဲ့တဲ့ ဗုံးထက် ၂၄ ဆ ပိုမိုအားကောင်းတဲ့ ဘီ ၆၁ နျူကလီးယားဗုံး အမျိုးအစားသစ်ကို ထုတ်လုပ်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

 

ဘီ ၆၁ နျူကလီးယားဗုံးအမျိုးအစားသစ်ကို ဘီ ၆၁-၁၃ လို့ အမည်ပေးထားပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်ရရှိခဲ့ မယ်ဆိုရင် လက်ရှိသိုလှောင်ထားတဲ့ ဘီ၆၁-၇ အချို့နဲ့ အစားထိုးသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဌာန ကပြောပါတယ်။

 

နျူဗုံးသစ်ဟာ ၃၆၀ ကီလိုတန်အလေးချိန်ရှိပြီး  ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားမြို့ပေါ်ကို ကြဲချခဲ့တဲ့ ၁၅ ကီလိုတန်နျူကလီးယားဗုံးထက် ပေါက်ကွဲမှု ၂၄ ဆ ပိုမိုအားကောင်းမယ်လို့ ဆိုပါတယ်။

 

“ယနေ့အချိန်မှာ ပြောင်းလဲနေတဲ့ လုံခြုံရေးနဲ့ အလာအလာရှိတဲ့ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေတိုးလာနေပါ တယ်။ ဒါတွေကို တားဆီးနိုင်ဖို့နဲ့ လိုအပ်လာရင် ဗျူဟာမြောက် တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်နိုင်ဖို့အတွက် ကျွန် တော်တို့ရဲ့ မဟာမိတ်တွေအတွက် အမေရိကန်မှာ တာဝန်ရှိပါတယ်။” လို့ အာကာသမူဝါဒဆိုင်ရာ လက် ထောက်ကာကွယ်ရေးဝန်ကြီး ဂျွန်ပလန့်ဘ်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ဟာ ပြီးခဲ့တဲ့လအစောပိုင်းက နီဗားဒါးရှိ နျူစမ်းသပ်နေရာတစ်ခုမှာ ပေါက်ကွဲစေတဲ့ စမ်းသပ်မှု တွေပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဆိုပါကြေညာချက်ထွက်ပေါ်လာတာဖြစ် ပါတယ်။

 

ဒါ့အပြင် အမေရိကန်ရဲ့ ကြေညာချက်ဟာ ၁၉၆၆ ခုနှစ် ဘက်စုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေး စာချုပ်ကနေ ရုရှားနှုတ်ထွက်ကြောင်း ကြေညာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

 

ကမ္ဘာ့လူဦးရေ သုံးသပ်ချက်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ ရုရှားက နျူလက်နက် ၆၂၅၇ ခုနဲ့ ပထမ နေရာမှာ ရပ်တည်နေပါတယ်။ အမေရိကန်က နျူလက်နက် ၅၅၅၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး တရုတ်နိုင်ငံကတော့ နျူလက်နက်ပိုင်ဆိုင်မှု ၃၅၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

 

REF;fox

 

#PeopleMedia


Share this post