ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် (UNOCHA) အကြီးအကဲ Mr. Martin Griffiths တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး
PUBLISHED - August 16, 2023
နေပြည်တော်၊ သြဂုတ် ၁၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ် ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Under- Secretary- General Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanatha Balakrishnan၊ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) အကြီးအကဲ Mr. Sajjad Mohammad၊ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒုတိယ အကြီးအကဲ Ms. Danielle Parry နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
#PeopleMedia