• Follow Us on
Latest News

Home ဒုတိယမြောက်သင်္ဘောတစ်စီးကို ဟူသီသူပုန်တွေ တိုက်ခိုက်နှစ်မြှုပ်လိုက်ပြီးနောက် ကုန်တင်သင်္ဘောတွေကို ကာကွယ်ပေးဖို့ ရေကြောင်းလိုင်းပို့ဆောင်ရေးအဖွဲ့တွေ တောင်းဆို

ဒုတိယမြောက်သင်္ဘောတစ်စီးကို ဟူသီသူပုန်တွေ တိုက်ခိုက်နှစ်မြှုပ်လိုက်ပြီးနောက် ကုန်တင်သင်္ဘောတွေကို ကာကွယ်ပေးဖို့ ရေကြောင်းလိုင်းပို့ဆောင်ရေးအဖွဲ့တွေ တောင်းဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၀

 

ပင်လယ်နီထဲမှာ ဒုတိယမြောက်သင်္ဘောတစ်စင်းကို ဟူသီသူပုန်တွေ နှစ်မြှုပ်လိုက်ပြီးနောက် ကုန်တင်သင်္ဘော တွေကို ဟူသီသူပုန်တွေတိုက်ခိုက်နေတာကို ကာကွယ်တားဆီးဖို့ အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်ကြောင်း ရေ ကြောင်းလိုင်းပို့ဆောင်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေဟာ ဂါဇာဒေသက ပါလက်စတိုင်းတွေနဲ့အတူ ညီညွတ်ကြောင်း ပြသဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက အဲဒီအရေးပါတဲ့ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်း ကို ဒရုန်းတွေ/ ဒုံးကျည်တွေ အစင်း ၇၀ ကျော်အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီယီမင်နိုင်ငံက သူပုန်တွေဟာ ကုန်တင်သင်္ဘောတစ်စီးနဲ့ သင်္ဘောသားတွေကိုလည်း ဖမ်းဆီးသိမ်းပိုက်ခဲ့သ လို သင်္ဘောသား သုံးဦးထက်မနည်း သတ်ဖြတ်ခဲ့ပါတယ်။

 

“ကမ္ဘာကြီးကို နွေးထွေးမှုရအောင်၊ အစားအစာနဲ့ အဝတ်အစားတွေရအောင် အရေးကြီးတဲ့လုပ်ငန်းတွေကို ရိုးရိုး လေးဆောင်ရွက်ပေးနေတဲ့ အပြစ်မရှိတဲ့သင်္ဘောသားတွေကိုတိုက်ခိုက်နေတာဟာ ဆိုးရွားပြီး လက်မခံနိုင်စရာ ဖြစ်ပါတယ်။” လို့ ကမ္ဘာ့ထိပ်တန်းရေကြောင်း ကုန်သွယ်ရေးအဖွဲ့အစည်းတွေက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

 

“အဲဒီတိုက်ခိုက်မှုတွေ အခုချက်ချင်း ရပ်တန့်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်မရှိတဲ့သင်္ဘောသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ပင်လယ်နီထဲမှာ တင်းမာမှုတွေ လျော့ကျလာဖို့အတွက် ဒေသတွင်းက သြဇာရှိ တဲ့နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ဂရိပိုင် Tutor ကျောက်မီးသွေးသင်္ဘောကို ဟူသီသူပုန်တွေက ပင်လယ်နီထဲမှာ တိုက် နှစ်မြှုပ်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

အဲဒီသင်္ဘောကြီးကို ဒုံးကျည်တွေ၊ အဝေးထိန်းစနစ်နဲ့မောင်းနှင်တဲ့ ဖောက်ခွဲရေးလှေတစ်စီးနဲ့ တိုက်ခိုက်နှစ်မြှုပ် ပစ်တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အရပ်ဘက်သင်္ဘောတွေကို ကာကွယ်ဖို့ နိုင်ငံတကာရေတပ်စစ်သင်္ဘောတွေကို ပင်လယ်နီထဲမှာ တပ်ဖြန့်ချထား ပေမဲ့လည်း တိုက်ခိုက်မှုတွေက သိသိသာသာ အရှိန်မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

 

ဟူသီသူပုန်တွေအနေနဲ့ တိုက်ခိုက်ရေးမောင်းသူမဲ့ရေယာဉ်တွေကို အသုံးပြုလာမှာကိုလည်း စိုးရိမ်ပူပန်နေကြ ကြောင်း အာမခံ ကုမ္ပဏီ အသိုင်းအဝိုင်းက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

“အဲဒီမောင်းသူမဲ့ရေယာဉ်တွေနဲ့ သင်္ဘောတစ်စီးကို တိုက်ခိုက်လာပြီဆိုရင် ပိုပြီးကာကွယ်ရခက်ခဲသလို ပိုပြီး ထိ ခိုက်ပျက်စီးနိုင်ပါတယ်။ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တယ်ဆိုတာက ဒီကနေ့အထိ တွေ့ကြုံရသမျှတော့ သင်္ဘော ကုန်းပတ်နဲ့ သင်္ဘောထိပ်ပိုင်းကိုသာ ထိခိုက်စေနိုင်ပါတယ်။” လို့ သင်္ဘောလုပ်ငန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ပင်လယ်နီထဲမှာ မေလအတွင်း ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှု ၅ ကြိမ်ရှိပေမဲ့ အခု ဇွန်လအတွင်း တိုက်ခိုက်မှု ၁၀ ကြိမ်ရှိကြောင်း ရေကြောင်းတိုက်ပွဲအန္တရာယ်နဲ့ အာမခံလုပ်ငန်းအထူးကျွမ်းကျင်သူအဖွဲ့ ခေါင်းဆောင်မန်ရို အန်ဒါဆင်က ပြောပါတယ်။

 

သင်္ဘောတွေဟာ သင်္ဘောသားတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့လမ်းကြောင်းဖြစ်တဲ့ တောင်အာဖရိ ကဘက်ကနေ လမ်းကြောင်းပြောင်းခုတ်မောင်းရမှာဖြစ်ကြောင်း သင်္ဘောသားသမဂ္ဂရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလုပ်သားများအဖွဲ့ အထွေထွေအတွင်းရေးမှူး စတီဖင်ကော်တွန်က ပြောပါ တယ်။

 

“ရေတပ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေကို လုံခြုံရေးလိုက်ပေးတာတွေ၊ အကာအကွယ်ပေးတာတွေကို လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ အဲဒီလိုအကာအကွယ်ပေးတာကြောင့် သင်္ဘောတွေ တိုက်ခိုက်ခံရမှုနှုန်း လျော့ကျသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Shipping industry urges Red Sea action as Yemen’s Houthis sink second merchant ship

 

#PeopleMedia


Share this post