• Follow Us on
Latest News

Home ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ခန့်အပ်ပြီး ရဲချုပ်တာဝန်ပူးတွဲပေး

ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ခန့်အပ်ပြီး ရဲချုပ်တာဝန်ပူးတွဲပေး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေ‌းကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး နီလင်း အောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ပြီး ရဲချုပ်တာဝန်ပူးတွဲပေးလိုက်ကြောင်း  သိရ သည်။

 

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ယခင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဇင်မင်းထက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post