ဒုဝန်ကြီးသမက်ကို လာဘ်ငွေတောင်းယူမှုနဲ့ ဖမ်းဆီးခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီး ချီးကျူး
PUBLISHED - October 25, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
ထိုင်းနိုင်ငံ ဥထိုင်းဌာနီပြည်နယ်မှာ အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) က ပြည်ထဲရေးဒုတိယဝန်ကြီး ချာ ဒါထိုင်းဆက်ဒ်ရဲ့သမက်နဲ့ နောက်ထပ် ၄ ဦးကို ခြိမ်းခြောက်ငွေညှစ်မှု၊ တံစိုးလက်ဆောင်တောင်းခံမှုတို့နဲ့ ဖမ်း ဆီးလိုက်တဲ့အတွက် ရဲတပ်ဖွဲ့နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိတွေကို ပြည်ထဲရေးဝန်ကြီး အနူတင် ချိန်းဗီယာကူလ်က ချီးကျူးဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။
ဒေသတွင်းအရာရှိ ၃ ဦးနဲ့ အရပ်သား ၂ ဦးကို အခုလိုဖမ်းဆီးလိုက်တာဟာ နိုင်ငံရေးအရဘယ်လိုပင်အဆက်အ သွယ်တွေရှိနေစေကာမူ ဥပေဒအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို ရှင်းလင်းပြတ်သားစွာ အချက်ပြလိုက် တာပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
သံသယတရားခံတွေထဲက တစ်ဦးဟာ ထာလက်ဒိုခရိုင်ခွဲရဲ့ မြို့တော်ဝန်ဖြစ်ပြီး ပြည်ထဲရေးဒုဝန်ကြီးချာဒါရဲ့ သားမက်ဖြစ်တဲ့ ဗီရာချိုင်းရပ်စ်ဆာမီဆိုသူဖြစ်ပြီး တခြားနှစ်ဦးကတော့ မြူနီစပယ်အရာရှိနှစ်ဦးဖြစ်ပါတယ်။
“သူ (ဗီရာချိုင်း) ဟာ သမက်ပဲဖြစ်ပါတယ်။ ယောက်ခမဖြစ်တဲ့ ချာဒါက ငွေကြေး/ဥစ္စာပစ္စည်းတွေကို လက်ခံခဲ့ တဲ့သူဖြစ်တယ်။ ချာဒါက သူ့သမက်အလုပ်တွေကို ပြဋ္ဌာန်းမပေးနိုင်ပါဘူး။” လို့ အနူတင်က ပြောပါတယ်။
နိုင်ငံတစ်ဝန်း မာဖီးယားဂိုဏ်းဆန်ဆန် သြဇာလွှမ်းမိုးထားတဲ့သူတွေကို နှိမ်နှင်းဖြိုခွဲဖို့ ချာဒါကို အနူတင်က တာ ဝန်ပေးထားတာဖြစ်ပါတယ်။
ကန်ထရိုက်တာအုပ်စုတစ်စုထံကနေ ငွေကြေး/တံစိုးလက်ဆောင်တွေ တောင်းယူနေတယ်ဆိုတဲ့သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) နဲ့ ပြည်သူ့ကဏ္ဍအဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် (PACC) က အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိတွေဟာ ဥထိုင်းဌာနီပြည် နယ်ကနေရာ ၈ ခု ကို အောက်တိုဘာလ ၂၄ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
ကန်ထရိုက်တာတွေဟာ ဟတ်ထာနောင်းနဲ့ ထာလက်ဒို ခရိုင်ခွဲတွေက မြူနီစပယ်နယ်မြေတွေမှာ ဘုံပိုင်ရေစနစ် တစ်ခုကို တည်ဆောက်တပ်ဆင်ဖို့အတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၎င်းတို့အဖွဲ့ ကန်ထရိုက်ရသွားခဲ့ရင် လုပ်ငန်းမလုပ်နိုင်အောင် နှောက်ယှက်ခံရမှာဖြစ်ကြောင်း အမည်မ သိလူတစ်သီးက ဖုန်းနဲ့ပြောဆိုလာခဲ့ပြီး တင်ဒါတင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းခိုင်းခဲ့ပါတယ်။
အဲဒီကန်ထရိုက်တာအဖွဲ့ တင်ဒါရရှိသွားချိန်မှာ ပြည်နယ်ထဲမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ ဆိုင်အား လုံးက ၎င်းတို့အဖွဲ့နဲ့ အလုပ်လုပ်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် အဲဒီကန်ထရိုက်တာအဖွဲ့ဟာ ဘာအလုပ်မှ လုပ်လို့မရခဲ့ ဘူးလို့ ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ အဲဒီကန်ထရိုက်အဖွဲ့ကို လူတချို့က ချဉ်းကပ်လာခဲ့ပြီး ကန်ထရိုက်လုပ်ငန်းတွေ ချော ချောမွေ့မွေ့လုပ်ကိုင်ချင်ရင် ဘတ်ငွေတစ်သန်း လာဘ်ပေးရမယ်လို့ တောင်းဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ နှစ်ဖက်ညှိ နှိုင်းချက်အရ ဘတ်ငွေ ၆၀၀၀၀၀ နဲ့ ဈေးတည့်သွားတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာ ကန်ထရိုက်တာတွေက အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC)၊ ပြည် သူ့ ကဏ္ဍအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (PACC) နဲ့ ရဲတပ်ဖွဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန ကို တိုင်ကြားခဲ့တဲ့အတွက် အခုလို ဝင်ရောက်စီးနင်းပြီး သံသယတရားခံ ၅ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Ref: Interior minister hails the arrest of his deputy’s son-in-law
#PeopleMedia