ဒု-ဗိုလ်ချုပ်ကြီး (၃) ဦး ကို ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်
PUBLISHED - August 16, 2024
နေပြည်တော်၊ ဩဂုတ် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့အား ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တွဲဘက်အတွင်းရေးမှူးဖြစ်ကာ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးတာဝန်များကို ထမ်းဆောင်နေကြသည်။
#PeopleMedia