ဒူတာတေး၏ လက်ထောက်အလှည့်ကျ အထက်လွှတ်တော်အမတ်က ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်သမ္မတရွေး ကောက်ပွဲမှ နုတ်ထွက်

PUBLISHED - December 15, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ နှစ်ရှည်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် အလှည့်ကျအထက်လွှတ်တော်အမတ် Christopher Go သည် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၂ သမ္မတရွေး ကောက်ပွဲမှ တရားဝင်နုတ်ထွက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၄၇ နှစ်အရွယ်ရှိ Go သည် နုတ်ထွက်မှုအား ကိုယ်တိုင်ကိုယ်ကျ အကြောင်းကြားရန် မနီလာရှိ ရွေး ကောက်ပွဲကော်မရှင်ထံ သွားရောက်ခဲ့သည်။ “ကျွန်တော်ရွေးကောက်ပွဲကနေနုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ နိုဝင်ဘာ ၃၀ ရက်က ပြောခဲ့ပြီး ဖြစ်ပါတယ်’’ ဟု Go က ဆိုသည်။
Go သည် အောက်တိုဘာလတွင် ဒုသမ္မတလောင်းဝင်အရွေးခံရန်အတွက် ၎င်း၏ ကိုယ်စားလှယ်လောင်း လက်မှတ်ကို လျှောက်လွှာတင်သွင်းခဲ့ပြီးနောက်ပိုင်းတွင် ဒူတာတေး ဦးဆောင်သော အာဏာရ PDP-Laban ပါတီအောက်တွင် သမ္မတလောင်းအဖြစ် လျှောက်လွှာအား အဆင့်တိုးမြှင့်တင်သွင်းခဲ့သည်။
ဒူတာတေးအနေဖြင့် ၎င်းထောက်ခံမည့် သမ္မတလောင်းအား ယခုအချိန်အထိ အမည်ထုတ်ဖော်မပြောသေး ကြောင်း သိရသည်။
(Xinhua)
#PeopleMedia #နိုင်ငံတကာ
(unicode)
ဒူတာတေး၏ လကျထောကျအလှည့ျကြ အထကျလှှတျတောျအမတျက ၂၀၂၂ ခုနှဈ ဖိလဈပိုငျသမ်မတရှေး ကောကျပှဲမှ နုတျထှကျ
……………………………………………………………
(Xinhua)