• Follow Us on

Home ဒေလီလေဆိပ် Terminal 1 အမိုးပြိုကျသဖြင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

ဒေလီလေဆိပ် Terminal 1 အမိုးပြိုကျသဖြင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

အိန္ဒိယနိုင်ငံမှာ သောကြာနေ့ (ဇွန်လ ၂၈ ရက်နေ့) က မိုးကြီးပြီး လေပြင်းတွေတိုက်ခတ်တဲ့အတွက် မြို့တော် နယူးဒေလီက အင်ဒီရာဂန္ဒီလေဆိပ်မှာ Terminal-1 အမိုးပြိုကျသွားရာ လူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိ သွားပါတယ်။

 

အင်ဒီရာဂန္ဒီလေဆိပ် Terminal 1 ဟာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေအတွက်သာ အသုံးပြုနေတဲ့ Terminal ဖြစ်ပြီး လောလောဆယ် အဲဒီ Terminal မှာ ဝင်ထွက်နေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ယာယီဆိုင်းငံ့ထားပါတယ်။

 

အမိုးနဲ့အတူ ယက်မတိုင်တွေပါ ပြိုကျခဲ့တဲ့အတွက် တက္ကစီကားအပါအဝင် ယာဉ် ၄ စီး ထိခိုက်ပျက် စီးခဲ့ ကြောင်း ဒေလီမီးသတ် ဌာနက မနက် ၅ နာရီခွဲမှာ ပြောပါတယ်။ အင်ဒီရာဂန္ဒီလေဆိပ်ဟာ ကမ္ဘာပေါ်က အစည်ကားဆုံးလေဆိပ်တွေထဲက လေဆိပ်တစ်ခုဖြစ်ပါတယ်။

 

“ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ဒေလီလေဆိပ်ရဲ့ Terminal 1 အမိုး အစိတ်အပိုင်း တချို့ ပြိုကျခဲ့ပါတယ်။” လို့ လေဆိပ်အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

 

“ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း သတင်းရရှိထားပါတယ်။ ဒဏ်ရာရသူတွေကို အရေးပေါ်ကယ်ဆယ်ရေးဝန် ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။

 

လေဆိပ်ထိခိုက် သွားတဲ့အတွက် Terminal 1 ရဲ့ လေယာဉ်ခရီးစဉ်တွေကို ယာယီဆိုင်းငံ့ထားလိုက်ပြီး ဝင်/ထွက် စစ်ဆေးရေး ဂိတ်ကိုလည်း ယာယီပိတ်ထားလိုက်ပါတယ်။

 

အခုလိုဖြစ်ပျက်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ များစွာစိတ် မကောင်းဖြစ်ရပြီး အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

 

လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရမ်မိုဟန်နိုင်ဒူကင်ဂျာရာပူက ၎င်းအနေနဲ့ ဒေလီ လေဆိပ်က ဖြစ်စဉ်ကိယု အနီးကပ်စောင့်ကြည့်နေပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေကိုလည်း ဆေးရုံကို ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

 

“အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ အဲဒီမှာ အလုပ်လုပ်နေကြပါတယ်။ Terminal 1 က ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေအားလုံးကို ကူညီဖို့လည်း လေကြောင်းလိုင်းတွေကို ပြောထားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို လည်း ဆေးရုံကို ပို့ြ့ပီးပါပြီ။” လို့ ရွေးကောက်ခံဝန်ကြီးအသစ်က X လူမှုကွန်ရက်မှာ ရေးထားပါတယ်။

 

Ref: Delhi Airport Terminal 1 Stops Ops After Roof Collapses, 1 Dead, 6 Injured

 

#PeopleMedia


Share this post