• Follow Us on
Latest News

Home ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်ကိုစနစ်တကျဖြင့်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်ကိုစနစ်တကျဖြင့်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ မေ ၂၅

 

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုး တက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်ကို လည်း စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကြောင်း၍ အသိ တရား၊ သတိတရားများဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှသာလျှင် ဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန်တာဝန်ရှိ သည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်မှု ထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီးဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန် ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး လက်ရှိတွင် စတင်လည်ပတ်နေပြီဖြစ် ကြောင်း ပြောသည်။

 

သတ်မှတ်အသက်အရွယ်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားကိုသာ သတ်မှတ်ကာလ အတွင်း တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်ဥပဒေကို သေချာစွာလေ့လာ ခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းမှားများ၊ ထင်မြင်သုံးသပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုး လှုံ့ဆော်နေသည်များရှိသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေးရန်လို ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးအတွင်း တန်းစဉ်ကူးပြောင်းမှုများ အား နည်းပြီး အတန်းပညာတတ်မြောက်မှုများ အားနည်းနေသေးသည်ကိုတွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ဒေသ၏ အနာဂတ်ကောင်း မွန်စေရေးအတွက် ပညာရေးကို အလေးပေးဆောင်ရွက်ကြစေလိုပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအတေးများမရှိစေရေးအတွက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ပညာသင်ကြားရေးအတွက်လည်း အားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ၏ ဘဝတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိခြင်းသည် ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာဖြစ်သဖြင့် ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ကလေးငယ်များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post