• Follow Us on

Home ဒေသတွင်းစစ်ပွဲဖြစ်ပွားလာရင် အီရန်အတွက် စစ်သည် ၄၀၀,၀၀၀ ထောက်ပံ့မယ်လို့ ယီမင်ပြော

ဒေသတွင်းစစ်ပွဲဖြစ်ပွားလာရင် အီရန်အတွက် စစ်သည် ၄၀၀,၀၀၀ ထောက်ပံ့မယ်လို့ ယီမင်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၈

 

ဒေသတွင်းစစ်ပွဲဖြစ်ပွားလာခဲ့ရင် အီရန်နိုင်ငံအတွက် စစ်သည်အင်အား ၄၀၀,၀၀၀ ထောက်ပံ့သွားမှာဖြစ် ကြောင်း ယီမင်နိုင်ငံက ပြောကြားလိုက်ပါတယ်။

 

ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အီရန်ဘက် က ပြောဆိုလိုက်ပြီးနောက် အီရန် Observer Twitter/X အကောင့်မှာ ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက အခုလို ရေးသားလိုက်တာဖြစ်ပါတယ်။

 

ယီမင်နိုင်ငံဟာ ဂါဇာဒေသမှာ အစ္စရေးက ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်နေကတည်းက နောက် ထပ် တိုက်ခိုက်ရေးသမား ၂၀၀,၀၀၀ ထပ်မံစုဆောင်းပြီးဖြစ်ကြောင်း၊ အဲဒီတိုက်ခိုက်ရေးသမားတွေဟာ ပင် လယ်နီရေလမ်းကြောင်းကို ပိတ်ဆို့ပြီး အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွကို တိုက် ခိုက်ဖို့ အသင့်ရှိနေကြောင်း အီရန် Observer X အကောင့်က ပြောပါတယ်။

 

အီရန် Observer X အကောင့်ဟာ follower ၂၃၃,၀၀၀ ရှိပြီး ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ အ ကောင့်တစ်ခုဖြစ်ပါတယ်။

 

အခုအချိန်အထိ လက်ဘနွန်နိုင်ငံထဲကို အစ္စရေးဘက်က တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံလာ တာကုန်ဆုံးသွားပြီဖြစ်ပြီး အနာဂတ်မှာ ဘာမဆို ဖြစ်လာနိုင်ကြောင်း ဟစ်ဘိုလာခေါင်းဆောင် ဟက်ဆန်နက်ရှ် ရာလာက ပြောကြားလိုက်စဉ်အတွင်းမှာ အခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

 

နိုင်ငံတကာတရားရုံးက အစ္စရေးနိုင်ငံနဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ယီမင်နိုင်ငံက ဟူသီ သူပုန်တွေဟာ အစ္စရေးသင်္ဘောတွေနဲ့ အစ္စရေးနိုင်ငံနဲ့ ဆက်နွယ်နေတဲ့သင်္ဘောတွေကို တိုက်ခိုက်လျက်ရှိပါ တယ်။ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကို ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတဲ့ အစ္စရေးအစိုးရကို ကူညီ နေတဲ့ ဗြိတိန်နဲ့ အမေရိကန်တို့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်။

 

အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက ဂါဇာဒေသမှာ အမျိုးသမီးနဲ့ ကလေးသူငယ်အများစုပါဝင်တဲ့ လူဦး ရေ ၁၀၀,၀၀၀ ကျော် သေဆုံး/ဒဏ်ရာရခဲ့ပြီး လူဦးရေ နှစ်သန်းကျော်ဟာ အငတ်ဘေးနဲ့ ကြုံတွေ့နေရပါတယ်။

 

Ref: Yemen ‘promises Iran 400,000 troops’ in event of regional war: The Skwawkbox

 

#PeopleMedia


Share this post