ဒေသတွင်းမတည်ငြိမ်မှုတွေဟာ အမေရိကန်ရဲ့စစ်ရေးအရ ကြားဝင်စွက်ဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ကြောင်း အီရန်ပြော
PUBLISHED - January 9, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
အနောက်အာရှမှာရှိတဲ့ မလုံခြုံမှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ တင်းမာမှုတွေဟာ ဒေသတွင်းမှာ အမေရိကန်စစ်စခန်း တည်ရှိမှုတွေနဲ့ အမေရိကန်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုတွေကနေ မြစ်ဖျားခံလာတာဖြစ်ကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဆာခါနာနီက တနင်္လာနေ့ (ဇန်နဝါရီလ ၈ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။
အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ အပတ်စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရတ်နိုင်ငံနဲ့ ဒေသတွင်း တ ခြားနိုင်ငံတွေမှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအုပ်စုတွေကြား လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှု တွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ၎င်းက အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ မလုံခြုံမှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ တင်းမာမှုတွေဟာ ဒေသတွင်းမှာ အမေရိကန်အ စိုးရရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးအရ ကြားဝင်စွက်ဖက်မှုတွေပေါ်မှာ မြစ်ဖျားခံလာတာဖြစ်သလို အမေရိကန် အစိုးရရဲ့ အစ္စရေးနိုင်ငံအပေါ် အကန့်အသတ်မဲ့ထောက်ပံ့ပေးနေမှုတွေကလည်း မြစ်ဖျားခံလာတာဖြစ်ပါတယ်။” လို့ ခါနာနီက ပြောပါတယ်။
ဟာရှီအယ်လ်ရှာဘီအဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်တစ်ဦးအပါအဝင် တိုက်ခိုက်ရေးသမား ၃ ဦးသေဆုံးခဲ့တဲ့ ဇန်နဝါ ရီလ ၄ ရက်နေ့က ဘဂ္ဂဒက်မြို့က ဟာရှီအယ်လ်ရှာဘီအဖွဲ့ရဲ့ဌာနချုပ်ကို အမေရိကန်စစ်တပ်က ဒရုန်းနဲ့ တိုက် ခိုက်ခဲ့ပြီးနောက်မှာ ခါနာနီက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
နိုင်ငံတွင်းကနေ နိုင်ငံခြားတပ်တွေ ပြန်လည်ထွက်ခွာသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ဖို့ ကော်မတီအဖွဲ့ တစ်ဖွဲ့ကနေတစ်ဆင့် အီရတ်မှာရှိနေတဲ့ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့အတူ အီရတ်အစိုးရ ဟာ မကြာခင်မှာပဲ စတင်ဆွေးနွေးတော့မှာဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဆူဒါနီက သော ကြာနေ့ (ဇန်နဝါရီလ ၅ ရက်နေ့) က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေ အီရတ်နိုင်ငံထဲကထွက်ခွာသွားဖို့ အချိန်ရောက်လာပြီဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံ တွေဟာ ပြည်ပနိုင်ငံတွေက စစ်တပ်အကူအညီတွေမပါဘဲ အချင်းချင်းပူုးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဒေသ တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို တိကျသေချာအောင်ဆောင်ရွက်သွားနိုင်တော့မှာဖြစ် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဆာခါနာနီက ပြောပါတယ်။
Ref: Iran blames U.S. military interventions for regional instability
#PeopleMedia