ဒေသတွင်းမာဖီးယားဂိုဏ်းခေါင်းဆောင်တွေရဲ့ အမည်စာရင်း ပုံပေါ်လာပြီဖြစ်
PUBLISHED - September 19, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံတစ်ဝန်း သြဇာလွှမ်းမိုးမှုရှိတဲ့ မာဖီးယားဂိုဏ်းတွေနဲ့ ဆက်နွယ်မှုရှိတဲ့ ဒေသတွင်းခေါင်းဆောင်တွေ စစ် ဆေးရှာဖွေမှုဟာ လက်ရှိအချိန်မှာ ၂၀% ကနေ ၃၀% အတွင်း ပြီးစီးသွားပြီဖြစ်ပြီး အဲဒီသတင်းအချက်အလက် တွေကို ကွန်ပျူတာ database တည်ဆောက်ပြီး အရောင်ခွဲထားမှာဖြစ်ကြောင်း ဒုတိယပြည်ထဲရေးဝန်ကြီးချာဒါ ထိုင်းဆက်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က နခုန်ပထုမ်ပြည်နယ်က မြို့ဖိမြိုဖတစ်ဦးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ် ဦးဖြစ်သူ ကမ်နန်နော့ ခေါ် ပရာဝီးချန်ခလိုင်ရဲ့အိမ်မှာကျင်းပတဲ့ ညစာစားပွဲတစ်ခုမှာ အမြန်လမ်းရဲအရာရှိတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အခုလို သတင်းအချက်အလက်စုဆောင်းမှုဆောင်ရွက်လာတာပဲဖြစ်ပါတယ်။
အခုလိုဒေသတွင်း သြဇာတိက္ကမရှိတဲ့ခေါင်းဆောင်တွေစာရင်းကို စစ်ဆေးပြုစုထားရေး ဦးစီးဆောင်ရွက်ဖို့ မစ္စတာချာဒါကို ဒုတိယ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးအနူတင်ချန်ဗီရာကူလ်တို့က တာဝန်ပေးအပ်ခဲ့တာဖြစ် ပါတယ်။
သံသယဖြစ်ဖွယ်ရာ သြဇာရှိတဲ့ မာဖီးယားဆန်ဆန်နိုင်ငံရေးသမားတွေရဲ့ နယ်မြေမှာ ၎င်းတို့ကိုင်စွဲထားတဲ့သြဇာ အာဏာကို စစ်ဆေးနိုင်ဖို့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့အမည်စာရင်းတွေကို မစ္စတာအနူတင်ဦးဆောင်တဲ့ ကော်မ တီက စုဆောင်းနေကြောင်း မစ္စတာချာဒါက တနင်္လာနေ့ (စက်တင်ဘာ ၁၈ ရက်နေ့) က ပြောပါတယ်။
အဲဒီပြုစုထားတဲ့အမည်စာရင်းတွေကိုတော့ “ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ကာကွယ်ရေးအက်ဥပ ဒေ” အရ လျှို့ဝှက်ထားတယ်လို့ဆိုပါတယ်။
အဲဒီအမည်စာရင်းတွေကို ဒေသတွင်းနိုင်ငံရေးအရ သြဇာလွှမ်းမိုးနိုင်တဲ့သူတွေအဖြစ် အနီရောင်/ အဝါရောင် အရောင်ခွဲသတ်မှတ်ပြီး ပြုစုထားမှာဖြစ်ကြောင်း၊ မျှတတဲ့သဘောထားအမြင်ရှုထောင့်တွေကို ဆက်စပ်အဖွဲ့အ စည်းတိုင်းကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိစာရင်းပြုစုမှုကတော့ ၂၀ ကနေ ၃၀% အထိ ပြီးစီးသွားပါပြီ။ လက်ရှိစာရင်းကောက်နေတာကတော့ လုပ်ငန်းအခြေအနေတွေ မတိုးချဲ့ရသေးခင်မှာ ကမ်နန်နဲ့ ကျေးရွာအကြီးအကဲတွေရဲ့ စာရင်းကို ဦးတည်ပြီး စာရင်းကောက်ယူနေပါတယ်။” လို့ မစ္စတာချာဒါက ပြောပါတယ်။
မာဖီးယားဆန်ဆန်ဒေသတွင်းခေါင်းဆောင်တွေကို စစ်ဆေးစာရင်းကောက်ယူခြင်းဟာ တနင်္လာနေ့က ရာမာ ဥယျာဉ်ဟိုတယ်မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေထဲက ချမှတ်ထားတဲ့ မူဝါဒ သစ်တစ်ခုထဲမှာပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို မစ္စတာအနူတင်က ဦးဆောင်ခဲ့တာဖြစ်ပြီး ဒုတိယဝန်ကြီးမစ္စတာချာဒါ၊ ကရင်ကန်တီနန်၊ ဆောင်ဆက် သောင်ဆရီ၊ အမြဲတမ်းအတွင်းဝန် ဆတ္တီဖောင်း ဂျူချာရွန်နဲ့ ဆက်စက်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ် တွေတက်ရောက်ခဲ့ကြပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကျူးလွန်တဲ့ပြစ်မှုတွေကို ရှင်းလင်းဖယ်ရှားဖို့သာမက လူ့အဖွဲ့အစည်း ကို ထိန်းကျောင်းနိုင်ဖို့ပါ နိုင်ငံရေးနည်းလမ်းကို အသုံးပြုသွားမှာဖြစ်ကြောင်း မစ္စတာအနူတင်က ပြောပါတယ်။
Ref: Local mafia leader list takes shape
#PeopleMedia