ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကိုလေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူ များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ဟု နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - August 8, 2023
နေပြည်တော်၊ သြဂုတ် ၈
ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။
အာဆီယံအသင်းဝင်နိုင်ငံများအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ဒေသဆိုင်ရာ ကတိကဝတ်များ ပြည့်မီစေရေး ကြိုးပမ်းဖော်ဆောင်လျက်ရှိရာတွင် ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဆီယံအသင်းကြီး၏ အနာဂတ်နှင့် ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက်များကို ထိန်းသိမ်းထားနိုင်ရေး၊ ပြည်သူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရေး အတွက် ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်စွမ်းအားရှိမှုနှင့် ပြည်သူဗဟိုပြု အာဆီယံအသင်းကြီး ဖြစ်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံအကောင် အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီ ယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေကြောင်း၊ အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံ မဏ္ဍိုင် (၃) ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှု များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောဆိုသည်။
အာဆီယံပြည်သူပြည်သားများဖြစ်ကြသည့် မိမိတို့အနေဖြင့် အနာဂတ်သာယာလှပစေရန် ကြိုးပမ်းဆောင်ရွက် ကြရာတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia