• Follow Us on
Latest News

Home ဒေသတွင်း တရုတ်အင်အားပြမှု မြင့်တက်လာစဉ် ဖိလစ်ပိုင်နဲ့ ဂျပန် စစ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

ဒေသတွင်း တရုတ်အင်အားပြမှု မြင့်တက်လာစဉ် ဖိလစ်ပိုင်နဲ့ ဂျပန် စစ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၉

 

တရုတ်နိုင်ငံရဲ့ ရန်လိုမှုကို ရင်ဆိုင်ရာမှာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နေစဉ်အတွင်း နှစ်နိုင်ငံ နယ်နိမိတ်မှာ တပ် ဖွဲ့တွေ အပြန်အလှန်တပ်ဖြန့်ချထားမှုကို ခွင့်ပြုထားတဲ့ စစ်ရေးသဘောတူစာချုပ်တစ်ခုကို ဖိလစ်ပိုင်နိုင်ငံနဲ့ ဂျပန် နိုင်ငံတို့ တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့) က လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါနဲ့ ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး ဂယ်လ်ဘတ်တိုတီယိုဒိုရို၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအန်ရစ်ကီးမနာလိုတို့ မနီလာမြို့မှာ ဆွေးနွေးပြီး နောက် Reciprocal Access Agreement (RAA) ခေါ် အပြန်အလှန်တပ်ဖြန့်ချထားခွင့် သဘောတူစာချုပ်ကို အပြီးသတ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဂျပန်အစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့ ဆွေးနွေးညှိနှိုင်းနေတဲ့ ဒီသဘောတူစာ ချုပ်အရ နှစ်နိုင်ငံနယ်မြေထဲကို သင်တန်းနဲ့ တခြားစစ်ဆင်ရေးကိစ္စတွေအတွက် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေ အပြန် အလှန်စေလွှတ်ခွင့်ရမှာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး တီယိုဒိုရိုနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါတို့ သမ္မတနန်းတော်မှာ လက် မှတ်ရေးထိုးခဲ့တဲ့ အဆိုပါသဘောတူစာချုပ်ဟာ နှစ်နိုင်ငံ လွှတ်တော်တွေက အတည်ပြုပြီးတာနဲ့ စတင်အသက် ဝင်မှာဖြစ်ပါတယ်။

 

“အခုလိုစာချုပ်လက်မှတ်ရေးထိုးလိုက်တာဟာ စည်းမျဉ်းဥပဒေအခြေခံတဲ့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေး၊ အင်ဒို-ပစိဖိတ်ဒေသ အထူးသဖြင့် ကျွန်တော်တို့ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရာမှာ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။” လို့ တီယိုဒိုရိုက သတင်းထောက်တွေကို ပြောပါတယ်။

 

ဖိလစ်ပိုင်နဲ့ ဂျပန်ဟာ ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားနဲ့ သြဇာလွှမ်းမိုးမှုကြီးထွားလာမှုကို တန်ပြန် ရင်ဆိုင်ဖို့အတွက် သြစတေးလျကနေ ဂျပန်အထိ မဟာမိတ်နိုင်ငံတွေ တိုးချဲ့တည်ဆောက်နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ကာလရှည် မဟာမိတ်တွေဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ နေတိုး အာရှ-ပစိဖိတ် နေတိုးအဖွဲ့သစ်တစ်ခု ဖန်တီးနေတယ်လို့ တရုတ်အာ ဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ထို်င်ဝမ်နိုင်ငံကို အင်အားပြခြိမ်းခြောက်မှုတွေနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ရန်လိုမှုတွေ မြင့် တက်နေချိန်မှာ အခုလို အပြန်အလှန်တပ်ဖြန့်ချထားခွင့် သဘောတူစာချုပ် (RAA) ကို ဖိလစ်ပိုင်နဲ့ ဂျပန်က လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

 

Ref: Philippines and Japan Sign Key Defense Pact

 

#PeopleMedia


Share this post