• Follow Us on

Home ဒေါပုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဒေါပုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်က သတင်းအရ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်တွင် လမ်း လျှောက်လာသူ အောင်ကျော်မိုး(ခ)တက်ခါး အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် အောင်ကျော်မိုး(ခ)တက်ခါး (၄၁) နှစ်အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ထိုပြင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ အချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်တွင် လမ်း လျှောက်လာသူ ရန်အောင်စိုး၊ မင်းခိုင်ထွန်း(ခ)ကျော်ငြိမ်း နှင့် ခိုင်ချစ်မျိုး တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၁နာရီ ၃၀ အချိန် ရန်အောင်စိုး နေထိုင် သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရန်အောင်စိုး (၃၈)နှစ်၊ မင်းခိုင်ထွန်း(ခ)ကျော်ငြိမ်း(၄၀)နှစ်နှင့် ခိုင်ချစ်မျိုး(၅၃)နှစ်တို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post