ဒေါပုံမြို့တွင် အမျိုးသားတစ်ဦး တိုက် (၃) လွှာပေါ်မှ အဝတ်လှန်းရင်း အရှိန်လွန်၍ ပြုတ်ကျ ဒဏ်ရာရ
PUBLISHED - December 14, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် အမျိုးသားတစ်ဦး တိုက် (၃) လွှာပေါ်မှ အဝတ်လှန်းရင်း အရှိန်လွန်၍ ပြုတ်ကျဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက် ည ၇ နာရီ ၅၀ အချိန်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျကြောင်း သတင်းရရှိသောကြောင့် သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှသွားရောက်ပြီး ဒဏ်ရာရရှိသူကို အထွေထွေရောဂါကုဆေးရုံ(လမ်းမတော်) သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“မျက်လုံးလည်းသိပ်မကောင်းဘူးပြောတယ်။ အဝတ်လှန်းရင်း ပြုတ်ကျတာ” လို့ သစ္စာမဏ္ဍိုင်လူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုတိုက် (၃) လွှာပေါ်မှ ပြုတ်ကျသည့် အမျိုးသားမှာ ဦးခေါင်းကွဲဒဏ်ရာနှင့် ခန္တာကိုယ်တို့တွင် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia