ဒေါပုံမြို့ရှိ ကာလီယမ္မာန်ဘုရားကျောင်းမီးနင်းပွဲတွင် မွေးရာပါစကားမပြောတတ်သည့် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ စံပြ (၁) လမ်းရှိ ကာလီယမ္မာန်ဘုရားကျောင်းမီးနင်းပွဲတွင် မွေးရာပါစကားမပြောတတ်သည့် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် ညနေ (၆) နာရီဝန်းကျင်တွင် ဒေါပုံမြို့နယ်၊ မောင်ဘီဂျူမှာ စံပြ (၁) လမ်းရှိ ကာလီယမ္မာန်ဘုရားကျောင်းမီးနင်းပွဲအပြီးတွင် ပျောက်ဆုံးသွားကြောင်း၊ ၎င်းကိုယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိမတွ့ရှိသေးကြောင်း သိရသည်။
“ခုထိမတွေ့သေးဘူး။ သူက စိတ်လည်းမနှံ့ဘူး။ စကားလည်းမပြောတတ်ဘူး။ ခုပျောက်တဲ့သူနဲ့ ကျွန်တော်က ဘာမှမတော်စပ်ပါဘူး။ မိသားစုတွေက ကျွန်တော်ကိုအကူအညီတောင်းလို့ပါ။ ဒီနေ့တော့ ရဲစခန်းကိုလည်း လူ ပျောက်ကြောင်း ပြောထားတယ်” လို့ ကိုရာဂျီနားမှ People Media သို့ပြောသည်။
အဆိုပါပျောက်နေသည့် အမျိုးသားမှာ ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်၊ စံပြ (၂) လမ်းတွင် နေထိုင်သည့် အသက် (၄၂) နှစ်ဝန်းကျင်ရှိသည့် မောင်ဘီဂျူကို မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ကိုရာဂျီနား၏ ဖုန်း ၀၉-၇၆၀၁၄၇၂၃၉ အားဆက်သွယ်နိုင်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia