ဒေါ်နယ်ထရမ့်ရဲ့ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့်အစီအစဉ် စိုက်ပျိုးရေးလုပ်ကိုင်သူတွေ စိုးရိမ်နေ

PUBLISHED - January 18, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈
ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံမဲပေးထားကြတဲ့ တောင်သူလယ်သမားတွေဟာ ၎င်းရဲ့ အစု လိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့်အစီအစဉ်ကို စိုးရိမ်ပူပန်နေကြပါတယ်။
ထရမ့်ကိုထောက်ခံမဲပေးခဲတဲ့ ပြည်နယ်သုံးလေးခုမှာ ခရမ်းချဉ်သီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ တိုနီဒီမာရေးဟာ လက်ရှိအချိန်မှာ ထရမ့်ရဲ့ အထောက်အထားမဲ့နေထိုင်သူတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်မယ့်အစီအစဉ်နဲ့ အဲဒီအ စီအစဉ်ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်က လုပ်သားအင်အားကို ထိခိုက်လာမှာ စိုးရိမ်နေပါတယ်။
Newsweek မီဒီယာက ဇန်နဝါရီ ၁၇ ရက်နေ့ (သောကြာနေ့) က မစ္စတာ တိုနီဒီမာရေးထံ email နဲ့ ဆက်သွယ်မေးမြန်း ခွင့်ရရှိခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး အထောက်အထားမဲ့တွေကို အစုလိုက်အပြုံလိုက် တိုင်းပြည် က နှင်ထုတ်ပစ်မယ်လို့ ထရမ့်က မဲဆွယ်ပွဲမှာ ပြောခဲ့တဲ့အတိုင်း အာဏာရပြီး မကြာခင်အချိန်အတွင်းမှာပဲ ဒီကိစ္စကို ကိုင် တွယ်လိမ့််မယ်လို့ ခန့်မှန်းထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းအထိ ရှိကြောင်း Pew Research Center ကို ကိုးကားပြီး ထရမ့်ကပြောလိုက်ပြီးနောက် အဲဒီအထဲက နောက်ဆက်တွဲပြစ်မှုကျူးလွန်ခဲ့သူတွေကို ဦးစားပေး မောင်းထုတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ထရမ့်ရဲ့ အစုလိုက်အပြုံလိုက်နှင်ထုတ်မယ့်အစီအစဉ်ဟာ ကုန်ကျစရိတ်များပြားလွန်းမှာဖြစ်သလို လုပ်သားရင်းမြစ်တွေ ကို ထိခိုက်စေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ကြောင်း စီးပွားရေးပညာရှင်တွေနဲ့ လော် ဘီအုပ်စုတွေက ပြောပါတယ်။
ဖလော်ရီဒါ၊ တက္ကဆက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ ခရမ်းချဉ်စိုက်ခင်း ဧက ၄၀၀၀ ဝန်းကျင်စိုက်ပျိုးနေတဲ့ တိုနီ ဒီမာရေးဟာ ထရမ့်ရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတားမြစ်ရေးနဲ့ ပြစ်မှုကြီးကျူးလွန်သူ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံတွင်းက နှင်ထုတ်မယ့်အစီအစဉ်ကို ထောက်ခံခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ လုပ်သားအင်အား လိုအပ်နေဆဲနိုင်ငံဖြစ်တာမို့လို့ အခုလို အစုလိုက်အပြုံလိုက် နှင်ထုတ် မယ့် အစီအစဉ်ဟာ လုပ်သားတွေအပေါ် အကြီးအကျယ်မှီခိုနေရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်သွားလိမ့်မယ်လို့ ၎င်းက Financial Post ကို ပြောပါတယ်။
အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်နေကြတဲ့ စိုက်ပျိုးရေးလုပ်သား တစ်ဝက်နီးပါးလောက်ဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်ကြသူတွေဖြစ်ကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ပြောပါတယ်။
လူ့အခွင့်အရေးအုပ်စုတွေကနေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေအထိ လုပ်ငန်းလုပ်ကိုင်နေ သူတွေကလည်း ထရမ့်ရဲ့ အစုလိုက်အပြုံလိုက် နှင်ထုတ်မယ့်အစီအစဉ်ကို စိုးရိမ်နေကြပါတယ်။
အစုလိုက်အပြုံလိုက် တစ်ကြိမ်နှင်ထုတ်မယ့်အစီအစဉ်အတွက် အမေရိကန်နိုင်ငံအနေနဲ့ ဒေါ်လာ ၃၁၅ ဘီလျံထက် မနည်း ကုန်ကျမှာဖြစ်ကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီက ခန့်မှန်းတွက်ချက်ထားပါတယ်။
တစ်နှစ်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁ သန်း နှင်ထုတ်မယ်ဆိုရင် ပျမ်းမျှ ဒေါ်လာ ၈၈ ဘီလျံ နှစ်စဉ် ကုန်ကျမှာဖြစ်ပြီး ဆယ်နှစ်ကျော်ကာလအတွင်း စုစုပေါင်း ဒေါ်လာ ၉၆၇.၉ ဘီ်လျံ ကုန်ကျမှာဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးကောင်စီက ပြောပါတယ်။
ဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် လယ်ယာထွက်ကုန် ဒေါ်လာဘီလျံ ၃၀ ကနေ ဘီလျံ ၆၀ ဖိုးအထိ ကျဆင်းသွားမှာဖြစ်ကြောင်း အမေရိကန်စီးပွားရေးလုပ်ငန်းလူဝင်မှုကြီးကြပ်ရေးညွန့်ပေါင်းအဖွဲ့ (ABIC) က ပြောပါတယ်။ နိုင်ငံတွင်းရှိ လယ်ယာကဏ္ဍမှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေထဲမှာ အထောက်အထားမဲ့လုပ်သားက ၄၂% ရှိ ကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်တဲ့ ကယ်လီဖိုးနီးယားလို ပြည်နယ်မျိုးမှာ လုပ်သားအင်အား ၇၅% ဟာ အထောက်အထားမဲ့လုပ်သားတွေဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် ကျေးဇူးတော် လူမှုအသိုင်းအဝိုင်းနဲ့ အလုပ်သမားစင်တာက ပြောပါတယ်။
Ref: Farmer Who Voted for Donald Trump Worried About Mass Deportation Plan
#PeopleMedia