• Follow Us on

Home ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ပထမဦးဆုံး အမေရိကန်သမ္မတဟောင်းဖြစ်လာ

ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ပထမဦးဆုံး အမေရိကန်သမ္မတဟောင်းဖြစ်လာ

Share this post

နိုင်ငံတကာ၊ မေ ၃၁

 

နယူးယောက်ဂျူရီအဖွဲ့က အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ဟာ သမိုင်းမှာ ပထမဦးဆုံးစွဲချက်တင်ခံရတဲ့ အမေရိကန်သမ္မတဟောင်းဖြစ်လာပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က အပြာကားသရုပ်ဆောင်တစ်ဦးကို နုတ်ပိတ်ဖို့အ တွက် ငွေပေးခဲ့တာကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းအထောက်အထားတွေကို လိမ်လည်ထားခဲ့ကြောင်း နယူး ယောက်ဂျူရီအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

နှစ်ရက်ကြာစဉ်းစားချင့်ချိန်ပြီးနောက် ထရမ့်ရင်ဆိုင်ခဲ့ရတဲ့ ပြစ်မှုကြီး ၃၄ ခုနဲ့ပတ်သက်ပြီး ၎င်းမှာ အပြစ်ရှိ ကြောင်း အဖွဲ့ဝင် ၁၂ ဦးပါတဲ့ ဂျူရီအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဘလီကန်ပါတီက ထရမ့်ကို သမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းဖို့ မစီစဉ်ခင် ရက်ပိုင်းအတွင်းဖြစ်တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ တရားစီရင်မှာဖြစ်ကြောင်း တရား သူကြီးဝှမ်းမက်ချန်းက ကြေညာလိုက်ပါတယ်။

 

လုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်းအတုလိမ်လည်ပြုလုပ်မှုကျူးလွန်သူတွေဟာ ထောင်ဒဏ်အနည်းငယ်၊ ဒဏ် ငွေ ဒါမှမဟုတ် ခံဝန်နဲ့ ပြန်လည်လွတ်မြောက်နိုင်ပေမဲ့ အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ်အထိလည်း ချမှတ်နိုင်ပါ တယ်။

 

ထောင်ဒဏ်ကျခံရခြင်းကြောင့် ထရမ့် ရွေးကောက်ပွဲမဲဆွယ်ပွဲပြုလုပ်တာကို တားမြစ်ခွင့်မရှိသလို ရွေးကောက်ပွဲ မှာအနိုင်ရသွားရင်လည်း သမ္မတအဖြစ်တာဝန်ထမ်းဆောင်တာကို ပိတ်ပင်ခွင့်မရှိပါဘူး။ အမိန့်မချခင်အထိ ထရမ့်ဟာ အချုပ်ထဲမှာနေရမှာမဟုတ်ပါဘူး။

 

သမ္မတဟောင်းဒေါ်နယ်ထရမ့်က ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်ကို ပြန်လည်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့အချိန် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင်မှာ တရားရုံးဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ အခုလို မမျှော်လင့်တဲ့အဖြစ်အပျက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရမ့်ကတော့ ၎င်း အမှားအယွင်းလုပ်ခဲ့တယ်ဆိုတာကို ငြင်းဆိုလိုက်ပြီး ထရမ့် ရဲ့ ရှေ့နေကလည်း ၎င်းတို့အနေနဲ့ အမြန်ဆုံးအယူခံဝင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

“ကျွန်တော့်မှာ ဘာအပြစ်မှမရှိပါဘူး။ ဒီတရားစီရင်မှုကြီးက ကျွန်တော့်အတွက် အကွက်ဆင်ထားတဲ့လုပ်ကြံမှု ကြီးပါ။ ဒါကြီးက အရှက်ရစရာကြီးပါဗျာ။ တကယ့်ဆုံးဖြတ်ချက်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြည်သူတွေက ဆုံးဖြတ် မှာပါ။” လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ဂျိုးဘိုင်ဒန်ရဲ့မဲဆွယ်ပွဲမှာတော့ “တရားဥပဒေအထက်မှာ ဘယ်သူမှမရှိကြောင်း၊ တရားဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို တရားရုံးဆုံးဖြတ်ချက်က သက်သေပြလိုက်တာဖြစ်ကြောင်း၊ ထရမ့်ကို ရွေးကောက်ပွဲမှာ မဲမပေးဖို့လိုကြောင်း” မဲဆွယ် စည်းရုံးခဲ့ပါတယ်။

 

Ref: Guilty on all counts, Donald Trump becomes first US president convicted of a crime

 

#PeopleMedia


Share this post