• Follow Us on

Home ဒေါ်လာငွေဈေး၊ ရွှေဈေးများနှင့်ပတ်သက်ပြီးဖြစ်သင့်သည့်ဈေးနှုန်းထက်မြင့်အောင်လုပ်နေကြသူများရှိ၍ အစိုးရအနေနှင့် အရေးယူဆောင်ရွက်မှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆို

ဒေါ်လာငွေဈေး၊ ရွှေဈေးများနှင့်ပတ်သက်ပြီးဖြစ်သင့်သည့်ဈေးနှုန်းထက်မြင့်အောင်လုပ်နေကြသူများရှိ၍ အစိုးရအနေနှင့် အရေးယူဆောင်ရွက်မှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ဒေါ်လာငွေဈေး၊ ရွှေဈေးများနှင့်ပတ်သက်ပြီး ဖြစ်သင့်သည့် ဈေးနှုန်းထက်မြင့်အောင် လုပ်နေကြသူများရှိ၍ အစိုးရအနေနှင့် အရေးယူဆောင်ရွက်မှုများ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

“ကျွန်တော်တို့သည် အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန် ရယူထားတာဖြစ်တယ်။ အခြေခံဥပဒေကို အမြဲတမ်းလိုက်နာသွားမှာဖြစ်တယ်ဆိုတာကို ပထမဦးဆုံး အသိပေးလိုပါတယ်။ နောက်တစ်ချက်က ဘာ ကြောင့်ဒီလိုမျိုး ကောလာဟလတွေဖြစ်လဲ။ ဒါတော့ ရှင်းရှင်းလေးပါ။ ဒီမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ရင် စီးပွားရေးအရ ထိုးနှက်ချက်တွေရှိတယ်။ ဒေါ်လာငွေဈေး၊ ရွှေဈေးတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်သင့်တဲ့ ဈေးနှုန်းထက်မြင့်အောင် လုပ်နေကြတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ အရေးယူဆောင် ရွက်မှုတွေရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပြည်သူလူထု၏ သက်သာချောင်ချိရေး၊ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရေး အမြဲတမ်း ဆောင်ရွက်ခြင်း၊ အမျိုးသားရေးရည်မှန်းချက်အနေနှင့် ထားရှိပြီး ဒါကိုဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည် သာယာဝဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ယင်းအတွက်ဆောင်ရွက်သည့်နေရာတွင် သင့်တင့်သည့် ကုန် ဈေးနှုန်း၊ ဖြစ်သင့်သည့် ကုန်ဈေးနှုန်းများဖြစ်အောင် မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

“အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တချို့သောအရေးယူ ဆောင်ရွက်ရမှုတွေရှိတယ်။ အရေး ယူဆောင်ရွက်ပြီး တဲ့နောက်ပိုင်းမှာ အားလုံးမြင်တဲ့အတိုင်းပဲ ဒေါ်လာဈေး၊ ရွှေဈေး၊ ပြီးရင်အခြေခံစား ကုန်ဈေးတွေ ကျဆင်းလာတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

မိဘပြည်သူများအနေနှင့် ကောလာဟလသတင်းများနှင့် ပတ်သက်ပြီး မယုံကြည်ကြရန် နိုင်ငံတော်အနေနှင့် ပြည်သူလူထုနှင့် သက်ဆိုင်သည့် မည်သည့်လုပ်ငန်းကိုပဲ လုပ်သည်ဖြစ်စေ ပြည်သူလူထုကို ကြိုတင်အသိ ပေးပြီးမှ မိမိတို့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံဥပဒေအတိုင်း လိုက်နာလျက်ရှိသည်ကို ပြောချင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ သည်။

 

#PeopleMedia


Share this post