• Follow Us on

Home ဒေါ်လာသန်း ၂၅၀ တန် တိုမာဟော့ခ်ဒုံးကျည်တွေ သြစတေးလျကို ရောင်းချပေးဖို့ အမေရိကန်ခွင့်ပြု

ဒေါ်လာသန်း ၂၅၀ တန် တိုမာဟော့ခ်ဒုံးကျည်တွေ သြစတေးလျကို ရောင်းချပေးဖို့ အမေရိကန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

 

သြစတေးလျနိုင်ငံကို တိုမာဟော့ခ်ဒုံးကျည်တွေရောင်းချဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့် ပြုလိုက်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ဒေါ်လာ သန်း ၂၅၀ တန် အဲဒီအရောင်းစာချုပ်မှာ လက်နက်ပိုင်းဆိုင်ရာအထွေထွေထောက်ပံ့ရေးလုပ်ငန်းတွေ၊ လော်ဂျစ်စတစ်ထောက်ပံ့ရေးစီမံခန့်ခွဲမှုနဲ့ စက်ပစ္စည်းထောက်ပံ့မှုတွေပါဝင်ပါတယ်။

 

အမေရိကန်အစိုးရဟာ ဆက်စပ်အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်းတွေ၊ နည်းပညာသတင်းအချက်အလက် စီမံ ခန့်ခွဲမှုလုပ်ငန်းတွေနဲ့ ဆက်စပ်စီမံချက်ထောက်ပံ့မှုတွေကိုပါ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

အဲဒီဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် သြစတေးလျအစိုးရအနေနဲ့ တဖြည်းဖြည်းမြင့်တက်လာတဲ့ ခြိမ်းခြောက်မှု တွေကို ရင်ဆိုင်ရာမှာ တိုမာဟော့ခ်ဒုံးကျည်တွေကို ထိရောက်စွာအသုံးပြုသွားနိုင်မှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ DSCA က ပြောပါတယ်။

 

ဝန်ဆောင်မှုအဖွဲ့ဟာ ရန်သူ့ပစ်မှတ်ကို ခွဲခြားဖော်ထုတ်ပြီး ပိုမိုတိကျထိရောက်စွာ ပစ်ခတ်နိုင်ဖို့အတွက် တိုမာ ဟော့ခ်ဒုံးကျည်တွေကို တိတိကျကျ ဆန်းစစ်အကဲဖြတ်နိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

သြစတေးလျနိုင်ငံအတွက် အမေရိကန်က တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့မှုဟာ သြစတေးလျနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးရုံသာမက နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးသွား မှာဖြစ်ပါတယ်။

 

ကာကွယ်ရေးစွမ်းရည် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသင့်ပြင်ဆင်ထားနိုင်ရေးဆောင်ရွက်ရာမှာ နိုင်ငံတကာမိတ် ဖက်ကို ကူညီဖို့အတွက် အမေရိကန်အမျိုးသားအကျိုးစီးပွားကို အဓိကထားလုပ်ဆောင်ရင်း သြစတေးလျနိုင်ငံ ကို အရေးအပါဆုံးမဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် အမေရိကန်နိုင်ငံက မှတ်ယူထားပါတယ်။

 

ရေသီယွန်ကုမ္ပဏီထုတ် တိုမာဟော့ခ်ဒုံးကျည်ဟာ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကနေ ပစ်ခတ်နို်င်တဲ့ ပဲ့ထိန်းဒုံးကျည်ဖြစ်ပါတယ်။

 

တိုမာဟော့ခ်ဒုံးကျည်ဟာ လေကြောင်းရန်ကာကွယ်ရေးထူပ်စွာချထားတဲ့ နေရာတွေကိုတောင် မိုင် ၁၀၀၀ (၁၆၀၉ ကီလိုမီတာ) အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

တိုမာဟော့ခ်ဒုံးကျည်ဟာ အလွန်ခေတ်မီတဲ့နည်းပညာတွေတပ်ဆင်ထားတာမို့လို့ ဒုံးကျည်ပျံသန်းနေစဉ်အတွင်း မှာပဲ ပစ်မှတ်ကို ပြောင်းလဲချိန်ရွယ်နိုင်တယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက သြစတေးလျအစိုးရဟာ အမေရိကန်ထံက ဒေါ်လာ သန်း ၈၃၀ တန်ကြေးရှိ တိုမာဟော့ခ်ဒုံးကျည် အစင်း ၂၀၀ ကျော် ဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

Ref: US Announces $250M Tomahawk Missile Support Sale to Australia

 

#PeopleMedia


Share this post