• Follow Us on

Home ဒေါ်လာ သန်း ၇၁၀ တန် နျူကလီးယားရေငုပ်သင်္ဘောအဆင့်မြှင့်တင်ရေးလုပ်ငန်း Babcock ကုမ္ပဏီကို ဗြိတိန် အပ်နှံ

ဒေါ်လာ သန်း ၇၁၀ တန် နျူကလီးယားရေငုပ်သင်္ဘောအဆင့်မြှင့်တင်ရေးလုပ်ငန်း Babcock ကုမ္ပဏီကို ဗြိတိန် အပ်နှံ

Share this post

နိုင်ငံတကာ၊ မတ် ၆

 

ဗြိတိန်တော်ဝင်ရေတပ်ရဲ့ ဒုတိယမြောက် ဗန်းဂတ်ဒ်အဆင့် ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘော အဆင့်မြှင့်တင်ဖို့ အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက Babcock ကုမ္ပဏီကို ကန်ထရိုက်လုပ်ငန်းအပ်နှံလိုက်ပါတယ်။

 

မျိုးဆက်သစ် ဒရက်နော့တ်အဆင့် ရေငုပ်သင်္ဘောတွေ ရောက်မလာခင်အချိန် ၂၀၃၀ ပြည့်လွန်နှစ်တွေအထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး ဗန်းဂတ်ဒ်အဆင့် HMS Victorious ရေငုပ်သင်္ဘောအဆင့်မြှင့်တင် ဖို့ အတွက် ပေါင်စတာလင် သန်း ၅၆၀ (ဒေါ်လာ သန်း ၇၁၀) အသုံးပြုတဲ့စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

 

ရေငုပ်သင်္ဘောအဆင့်မြင့်တင်ရေးလုပ်ငန်းတွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမဦးဆုံး နျူကလီးယားစွမ်းအင်သုံး ဗန်းဂတ်ဒ်အဆင့် ရေငုပ်သင်္ဘောလေးစီးဟာ ၁၉၉၃ ခုနှစ်မှာ ဗြိတိန် ရေတပ်မှာ တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။

 

ဗန်းဂတ်ဒ်အဆင့်ရေငုပ်သင်္ဘောအသီးသီးမှာ UGM-133 Trident II နျူကလီးယားပဲ့ထိန်းဒုံးကျည် ၁၆ စင်း တပ်ဆင်ထားပါတယ်။

 

“အန္တရာယ်ကြီးမားတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားကာကွယ်ရေး အဟန့်အတားဖြစ်တဲ့ အရေးအကြီးဆုံးလက်နက်တွေထဲကတစ်ခုဖြစ်တဲ့ ဒီရေငုပ်သင်္ဘောအဆင့်မြှင့်တင်ရေးလုပ်ငန်းထဲမှာ ဆက် လက်ရင်းနှီးမြှုပ်နှံဖို့ အလွန်အရေးကြီးပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ပြောပါတယ်။

 

ပြုပြင်ထိန်းသိမ်းရေးနဲ့ သက်တမ်းတိုးမြှင့်ရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို သြစတေးလျနိုင်ငံ ဒက်ဗန်းပို့ မြို့က Babcock ကုမ္ပဏီရဲ့သင်္ဘောကျင်းမှာဆောင်ရွက်သွားမှာဖြစ်သလို ဗြိတိန်နိုင်ငံ ပလီမက်သ်မြို့နဲ့ အ နောက်တောင်ပိုင်းဒေသမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

 

လူဦးရေ ၁၀၀၀ ကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားတဲ့ ပေါင်စတာလင် သန်း ၇၅၀ (ဒေါ်လာ သန်း ၉၅၀) တန် ဒက်ဗန်းပို့ရေတပ်အခြေစိုက်စခန်းအဆင့်မြှင့်တင်မှု စာချုပ်ချုပ်ဆိုအပြီးမှာ အခု လို ဗန်းဂတ်ဒ်အဆင့် ရေငုပ်သင်္ဘောအဆင့်မြှင့်တင်ဖို့အတွက် ကန်ထရိုက်အပ်နှံလိုက်တာဖြစ်ပါတယ်။

 

“တော်ဝင်ရေတပ်ဟာ ၁၉၆၉ ခုနှစ်ကတည်းက ကြားဖြတ်ဟန့်တားလို့မရတဲ့ ကျွန်တော်တို့ရဲ့ ရေငုပ်သင်္ဘော တွေဆောင်ရွက်ခဲ့တဲ့ ပင်လယ်ပြင် မဟာဗျူဟာမြောက် ကင်းလှည့်တာဝန်တွေကို ဆက်လက်ထမ်းဆောင်တဲ့ Operation Relentless ကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး မာတင် ကော်နယ်လ်က ပြောပါတယ်။

 

Ref: UK Awards Babcock $710M Nuclear Sub Modernization Contract

 

#PeopleMedia


Share this post